
ရန်ကုန်မြို့တွင် ညဘက်တွင် YBS ကားများ မလုံလောက်သည့်အတွက် ခရီးသည်များစုပုံနေသည့် နေရာများသို့ ညကြီးကားများသီးခြားပြေးဆွဲပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ ဇန်နဝါရီ ၂၅ ရက်နေ့က ကျင်းပခဲ့သည့် ရန်ကုန်မြို့တော် ခုံးကျော်တံတားများတွင် အများပြည်သူ အသုံးပြုရန်နေရာ ဖန်တီးမှု အဆိုပြုပုံစံများ ပြပွဲအခမ်းအနားတွင် ၎င်းက ပြောကြားလိုက်ခြင်းဖြစ်သည်။
သမိုင်းလမ်းဆုံ၊ သခင်မြပန်းခြံ၊ ဆူးလေစသည့်နေရာများကဲ့သို့ ဘတ်စ်ကားစီးနင်းသူများ စုပုံနေသော နေရာများတွင် ညကြီးကားဟူ၍ သီးခြားပြေးဆွဲသွားမည်ဟုဆိုသည်။
Credit : News Watch
comment