1. Home
  2. Myanmar News

အသက် ၉၀ နှစ်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင် တစ်သောင်းကျပ် လစဉ်ထောက်ပံ့မည်

Myanmar News ม.ค. 25, 2560 view 1,700
အသက် ၉၀ နှစ်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်အဖြစ် လစဉ် ကျပ် ၁၀,၀၀၀ ကို ဧပြီလမှ စတင်ကာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌါနမှ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
လူမှုရေးအထောက်အပံ့အဖြစ် ယခင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် အသက် ၉၀ မှ ၁၀၀ အကြား အဘိုးအဘွားများအတွက် ထောက်ပံ့ငွေ တစ်နှစ်လျှင် ၁၈,၀၀၀ ကျပ်နှုန်းဖြင့် ဘိုးဘွား ၂၂,၅၆၀  ကို ထောက်ပံ့ပေးခဲ့ပြီး ၂၀၁၆-၂၀၁၇ ခုနှစ်တွင်မူ တစ်နှစ်လျှင် ၁၅,၀၀၀ ကျပ်နှုန်း၊ အသက် ၁၀၀ နှစ်နှင့်အထက်ကိုမူ တစ်နှစ်လျှင် ၂၀,၀၀၀ ကျပ်နှုန်းနှင့် ထောက်ပံ့ပေးခဲ့ပြီးဖြစ်သည်။
 
ယခုလာမည့် ၂၀၁၇ ခုနှစ် ဧပြီ(၁)ရက်နေ့မှ စတင်ကာ အသက် ၉၀ ကျော် ဘိုးဘွားများကို လူမှုရေးပင်စင်အဖြစ် သတ်မှတ်ကာ လစဉ် ၁၀,၀၀၀ ကျပ် ပုံမှန်ထောက်ပံပေးသွားတော့မည်ဖြစ်သည်။ ဤကဲ့သို့ ထောက်ပံ့နိုင်ရန်အတွက် သက်ကြီးရွယ်အို စာရင်းကောက်ယူမှုကို သက်ဆိုင်ရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌါနနှင့် အရပ်ဖွဲ့ အဖွဲ့အစည်းများနှင့် ချိပ်ဆက်ဆောင်ရွက်လျှက်ရှိကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
 


Follow us on