1. Home
  2. Myanmar News

မြန်မာ့စက်မှုဆိပ်ကမ်းမှ စင်ကာပူသို့ပို့မည့် တရားမဝင် ကျွန်းသစ်ခွဲသား ၂၄ တန် ပိုင်ရှင်အား စစ်ဆေး

Myanmar News ม.ค. 26, 2560 view 1,579
ဇန်နဝါရီ ၂၄ ရက်နေ့ နေ့လည်ပိုင်းက မြန်မာ့စက်မှုဆိပ်ကမ်း (Myanmar Industrial Port)တွင် စစ်ဆေးတွေ့ရှိခဲ့ရသော တရားမဝင် ကျွန်းသစ် ၂၄ တန်ပါရှိသော ကွန်တိန်နာ နှစ်လုံးမှာ စင်ကာပူနိုင်ငံသို့ တင်ပို့မည့် ကွန်တိန်နာများဖြစ်ပြီး ယင်းနှင့် ဆက်စပ်ပက်သက်နေသော မြန်မာကုမ္ပဏီတစ်ခုကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။
 
သစ်တောဦးစီးဌါနမှ ကုမ္ပဏီပိုင်ရှင်၏ အမည်ကို တရားဝင် ထုတ်ဖော်ပြောကြားခြင်းမရှိသေးသော်လည်း အဆိုပါကျွန်းသစ်ခွဲသားများမှာ ယင်းကုမ္ပဏီအမည်စာရင်းနှင့် မှတ်ပုံတင်ထားခဲ့သည့်အတွက် ပိုင်ရှင်မဲ့ မဟုတ်ကြောင်း သစ် တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းက ပြောကြားခဲ့သည်။
 
အဆိုပါကုမ္ပဏီသည် ကုန်သွယ်ရေးလိုင်စင် ထုတ်ကုန်ကြေညာလွှာကို လျှောက်ထားပြီး ဖြစ်သော်လည်း သစ်တောဦးစီးဌာန၊ ပြည်ပပို့သစ်တောထွက်ပစ္စည်း၊ စိစစ်ထောက်ခံရေးအဖွဲ့သို့ ကုန်သေတ္တာ ထည့်သွင်း လျှောက်ထားခြင်းမရှိဘဲ သစ်တောထောက်ခံချက်ပါစာရင်းနှင့် ကိုက်ညီမှုမရှိသော ကျွန်းခွဲသား ၂၄ တန်ကို ကွန်တိန်နာနှစ်လုံးဖြင့် စင်ကာပူနိုင်ငံသို့ ပို့ဆောင်ရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ 
 
အဆိုပါသစ်များသည် X-Ray ဖြတ်ခြင်း၊ အကောက်ခွန်ယာယီစည်း တံဆိပ်ခတ်ထားခြင်း၊ သင်္ဘော လိုင်းစည်းခတ်ထားခြင်း စသည် တို့ ဆောင်ရွက်ပြီးဖြစ်ကာ မြန်မာ့စက်မှုဆိပ်ကမ်းသို့ ရောက်ရှိနေသည်မှာ လေးရက်ခန့်ရှိပြီဖြစ်ကြောင်း သိရှိရသည်။ ကုမ္ပဏီအနေနှင့် နိုင်ငံခြားတင်ပို့မှုအတွက် အခြားကိုယ်စာလှယ်တစ်ဦးထံ အပ်နှံခဲ့ကြောင်း ပြောဆိုခဲ့ပြီး အမှုကို ဆက်လက်၍ စုံစမ်းစစ်ဆေးလျှက်ရှိသည်။
 
Ref:7Day


Follow us on