1. Home
  2. Movie Stars - Celebrity

ကောက်ကျစ်တဲ့ ဗီလိန်မ ဖြစ်ချင်တဲ့ ပက်ထရစ်ရှာ

Movie Stars - Celebrity ม.ค. 26, 2560 view 1,933

သရုပ်ဆောင်ပိုင်းမှာ တိုးတက်မှု ရှိအောင် ပရိတ်သတ်လက်ခံလာအောင် ကြိုးစားနေတဲ့ ပက်ထရစ်ရှာ တစ်ယောက် ပရိတ်သတ်အခိုင်အမာလဲ ရရှိနေပြီ ဖြစ်ပါတယ် ။ ကမ်းလှမ်း တဲ့ ကားတွေမှာ မုဒ် လာတဲ့ သူနဲ ပဲ ကွက်ပြီး ရိုက်တက်တဲ့  အကျင့် ရှိပြီး လာငှားတဲ့ ကားတွေ ကတော့ ဇာတ်လမ်းကောင်း ၊ ဇာတ်အိမ်ကောင်းဆို အကောင်းဆုံးပဲ ပေါ့ နော်လို့ ပြောထားပါတယ်။ ရွေးလွန်းလို့ ပရိတ်သတ်နဲ့ အလှမ်းကွာသွာမှာ စိုးတဲ့ အတွက် သေချာ စီစစ်ပြီး လုပ်နေပါတယ်လို့ ပြောထားပါတယ် ။

ဇာတ်ကား အတွက် အိုက်တင်ပိုင်း ၊ဖက်ရှင်ပိုင်း နဲ့ ပတ်သတ်ပြီး ပိုကောင်းအောင်လဲ ကြိုးစားနေပါတယ်။ အရင်ထက်တော်တဲ့ ပတ်ထရစ်ရှာ ဖြစ်အောင် ကြိုစား သွားမှာပါ ။

လက်တလော ဗီလိန်ကာရိုက်တာ ကို အရမ်း ရိုက်ကူးချင်နေပါတယ်တဲ့ ။ ကိုယ်က တဖက်သတ်ကြိုက်ရတာ မျိုး သူ့ အချစ်ကို မရလို့ ပတ်သက်တဲ့ မိန်းကလေးတွေ ကို ကောက်ကျစ်တဲ့ ဗီလိန်မ တစ်ယောက် အဖြစ် ပရိတ်သတ် ကြည့် ရင် အမြင်ကပ်လောက်တဲ့ ပုံစံမျိုး ရိုက်ချင်ပါ တယ်လို့ ပြောထားပါတယ်။

လက်ရှိမှာတော့ အလင်းရောင်နဲ့ အတူ မိန်းမဟူသ၍ ငါတို့ ၏ စကားမြစ်၌မျောကြစေသတည်း ဆိုတဲ့ ကားလေး ရိုက်ကူးနေပါတယ် ။

Credit:popular



Follow us on