1. Home
  2. Special or Others

မြန်မာနိုင်ငံသားများ ကျပ်ငွေ သိန်း၅၀၀၀ဖြင့် ဩစတြေးလျနိုင်ငံတွင် လုံးချင်းအိမ်များဝယ်ယူနိုင်ပြီ

Special or Others ม.ค. 26, 2560 view 1,683

ဩစတြေးလျနိုင်ငံတွင် မြန်မာနိုင်ငံသားများ ကျပ်ငွေ သိန်း ၅၀၀၀ ဖြင့် အနည်းဆုံး ပေ ၈၀ ပတ်လည် Freehold Land မြေပေါ်တွင် တည်ဆောက်ထားသော လုံးချင်းအိမ်များဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း International Condo Marketing Agency ဖြစ်သော KAE Alliance Co.,Ltd က ဇန်နဝါရီ ၂၁ ရက်တွင် သိရသည်။ အဆိုပါလုံးချင်းအိမ်ရာစီမံကိန်းတွင် မိမိစိတ်ကြိုက်ဒီဇိုင်းပုံစံများရွေးချယ်နိုင် ကြောင်း၊ လာမည့် ဖေဖော်ဝါရီလလယ် တွင် အရောင်းပွဲပြုလုပ်သွားမည်ဖြစ် ကြောင်း ယင်းကုမ္ပဏီ၏ မန်နေးဂျင်း ဒါရိုက်တာကိုကျော်မင်းဇင်က ပြောသည်။

ယင်းလုံးချင်းအိမ်စီမံကိန်းကို Vantage at Evans Project ဟု အမည်ပေးထားပြီး မြန်မာနိုင်ငံသားများအနေဖြင့် ဘဏ်ချေးငွေ ၅၀ ရာခိုင်နှုန်း မှ ၆၀ ရာခိုင်နှုန်းထိ ဝယ်ယူသူ၏ အသက်အပေါ် မူတည်၍ ၁၅နှစ်မှ အနှစ်၂၀ အထိ ချေးနိုင်ရန် KAE Alliance Co.,Ltd က အကူအညီ ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။ ဓဘဏ်အတိုးနှုန်းက တစ်နှစ်ကို ၄ ရာ ခိုင်နှုန်းက ၆ ရာခိုင်နှုန်းထိပဲ ရှိတာဖြစ်လို့ ရင်းနှီးမြှုပ်နှံလိုတဲ့မြန်မာနိုင်ငံသားတွေအ နေနဲ့ ဝယ်ယူထားသင့်တယ်လို့ ကျွန်တော် မြင်မိပါတယ်၊ အရောင်းပွဲကို Australia ကုမ္ပဏီ Sekuir Migration PTY.Ltd.ကတာဝန်ရှိသူတွေလာမှာပါ၊ မြန်မာနိုင်ငံသားတွေအနေနဲ့ ဩစတြေးလျမှာ ကျောင်းတက်ချင်တာပဲ ဖြစ်ဖြစ်၊ စီး ပွားရေးလုပ်ကိုင်လိုတာပဲဖြစ်ဖြစ်၊ နေထိုင်လိုတာပဲ ဖြစ်ဖြစ် ယခုလို တိုက်ရိုက်လာပြီး ရှင်းပြတာကြောင့် ပိုပြီး အကျိုးရှိတယ်လို့ ပြောပါရစေဓဟု ကိုကျော်မင်းဇင်က ပြောသည်။

၎င်း အိမ်ရာစီမံကိန်းသည် ကမ္ဘာ့ အလှအပဆုံး နေရာများအနက်တစ်ခု အပါအဝင် ဖြစ်ကြောင်း၊ပင်လယ်ပြင်ကြီး နှင့် မြစ်တို့ ပေါင်းဆုံသည့် Evans Head မြို့တွင်တည်ရှိပြီး Resort Living Life Style အဖြစ်ရှိနေမည့် စီမံကိန်းဖြစ် ကြောင်း၊ ဩစတြေးလျနိုင်ငံ၏ ကမ္ဘာ့အဆင့်မီ နာမည်ကြီးမြို့ကြီးများဖြစ်သော Brisbaneနှင့် Gold Coast မြို့မှ မော်တော်ကားဖြင့် နှစ်နာရီခန့် မောင်းသွားရုံဖြင့် ရောက်ရှိနိုင်ကြောင်း သိရသည်။

Credit : pyimyanmarnews



Follow us on