1. Home
  2. Myanmar News

FB ပေါ်မဖွဘဲ လက်တွေ့သမားနဲ့တွေ့တဲ့ အမြန်လမ်းမှာ သေဆုံးသူတွေ အတွက်ကောင်းမှု

Myanmar News ม.ค. 26, 2560 view 1,533
ဘုရားတွေ လှူပြီးတော့အပြန် အမြန်လမ်း မိုင်တိုင်- ၄/၁ ကို ၀င်ရောက်ပြီး မီးလောင်သေဆုံးခဲ့ကြသူ (၈) ဦးအတွက် ရည်စူး ရည်မှန်းပြီး သင်္ကန်း- ဖိနပ် အစရှိသော လှူဖွယ်ပစ္စည်းများကို လှူဒါန်းခဲ့ပါတယ်။
 
အမြန်လမ်းတလျှောက် သေဆုံးသူများအားလုံးကို ပင့်ဖိတ်၍ ရည်စူးလှူဒါန်းခြင်း- တရားနာမေတ္တာသုတ်များ ရွတ်ဖတ်ပေးခြင်း ပြုလုပ်ခဲ့ပါတယ်။
 
ဘုရားများ လှူဒါန်းပြီးသမျှ ၂၀၁၆ အတွင်း လှူဒါန်းပြီးသမျှ အလှူအားလုံးကို အမျှပေးဝေခြင်းများကို လှူဒါန်းဆောင်ရွက်ပေးခဲ့ပါတယ်။
 
အားလုံး ကောင်းရာမွန်ရာကို ရောက်ကြပါစေ ကြားရာအရပ်မှ သာဓုခေါ်ဆိုကြ၍ ပိုမို ကောင်းမွန်သော ဘုံဘ၀များကို ရရှိနိုင်ကြပါစေ။ ယခုလို အဖြစ်ဆိုးမျိုးမှ ဘ၀ဆက်တိုင်း ကင်းဝေး ကြပါစေ လို့ ဆုတောင်း မေတ္တာများ ပို့ သခဲ့ပါတယ်။
 
 
အမျှဝေနေစဉ် ကားတစီးရောက်လာပြီး ပန်းတွေ ချသွားပါတယ်။ အားလုံး ပြီးလို့  ပြန်ထွက်မယ့်အချိန်မှာ သေဆုံးခဲ့သူ တစ်ဦးရဲ့ ခင်ပွန်း xxx  နှင့် သူငယ်ချင်းအဖွဲ့ ရောက်ရှိလာပါတယ်။
 
သေဆုံးခဲ့သူတွေ ထဲက မိသားစုဝင်တွေလားလို့  ကျွန်တော့် ကို မေးတော့ ချက်ချင်းပဲ ပြန်ဖြေ မိတယ်။ သေဆုံးခဲ့သူများကို သိလဲမသိ မြင်ဖူးခြင်းလဲ မရှိ။ သတင်းကြားသိရုံ သက်သက်ပါပဲ သတင်းကြားပြီး စိတ်မကောင်းလို့  ပြုလုပ်ပေးခြင်းပါ။
 
အကျွတ်အလွှတ်အလှူမှာ လုပ်နေကြအတိုင်း ပင့်ဖိတ်လှူဒါန်းခဲ့ခြင်းပါ။ ဘ၀များစွာ မိသားစုများစွာ ငြိမ်းချမ်းသာယာ ခြင်းရှိကြပါစေ။
 
 
ချစ်ခြင်းအားဖြင့်
Zaw Naing
22-1-2017
အမြန်လမ်း
မိုင်တိုင် ၄/၁
 
သာဓု သာဓု သာဓုပါ။
 


Follow us on