1. Home
  2. Special or Others

၁၄ နှစ်အရွယ် ကျောင်းသားနဲ့ ကာမစပ်ယှက်ခဲ့တဲ့ ဆရာမ ငွေပြန်ညှစ်ခံရ

Special or Others ม.ค. 26, 2560 view 1,668
ဒါးလက်စ်မြို့မှ ၁၄ နှစ်အရွယ် ကျောင်းသားနဲ့ ပက်သက်ခဲ့တဲ့ ကျောင်းဆရာမတစ်ဦးကို အဆိုပါ ကျောင်းသားက ငွေပြန်ညှစ်တဲ့အခါမှာတော့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုနဲ့ ဆရာမဖြစ်သူ တရားစွဲခံခဲ့ရပါတယ်။ 
 
လူမှု့ဆက်ဆံရေးနည်းပြ ဆရာမတစ်ဦးဖြစ်သူ စန်ဒီ ဒိုအန် (၃၀ နှစ်)က သူမရဲ့ ကျောင်းသားတစ်ဦးဆီကို စာနဲ့မက်ဆေ့တွေပို့ပြီး ကာမစပ်ယှက်ဖို့ ရေလာမြောင်းပေးလုပ်ခဲ့ပါတယ်။ သူမဟာ ဒါးလက်စ်မှာရှိတဲ့ အလယ်တန်းကျောင်း ဆရာမတစ်ဦးဖြစ်ပြီး ဘောလုံးနည်းပြလည်း ဖြစ်ပါတယ်။
 
 
ဆရာမနဲ့ ကျောင်းစာဟာ ပန်းခြံတစ်ခုထဲမှာ လူ့ကျင့်ဝတ်ဖောက်ဖျက်ခဲ့ကြပြီး ပထမဆုံး စတွေ့ တွေ့ချင်းမှာပင် သုံးကြိမ်တိုင်တိုင် စပ်ယှက်ခဲ့ကြတယ်လို့ ရဲမှတ်တမ်းများမှာ ဖော်ပြထားပါတယ်။ ၂၀၁၅ ခုနှစ်မှာ ဖြစ်ပျက်ခဲ့တဲ့ ဒီအဖြစ်ကို အကျပ်ကိုင်ပြီး ၂၀၁၆ ခုနှစ်မှာတော့ ကျောင်းသားဖြစ်သူက ဆရာမထံ ခြိမ်းခြောက်စာတွေပို့ပြီး ငွေညှစ်ခဲ့ပါတယ်။
 
ကျောင်းသားဖြစ်သူက ဆရာမဆီက ပိုက်ဆံရပြီးတိုင်း အိမ်ကနေ သုံးလေးရက် ပျောက်သွားပြီး အရက်သေစာနဲ့ မူးယစ်ဆေးဝါးတွေ သုံးဖြုန်းခဲ့ပါတယ်။ ဒီလိုနဲ့ အကြိမ်ကြိမ်ငွေညှစ်ခံခဲ့ရပြီး စုစုပေါင်း ဒေါ်လာ ၂၈,၀၀၀ လောက်ကုန်သွားချိန်မှာတော့ ကျောင်းသားရဲ့ မိခင်ဖြစ်သူက သူ့သားကို ဆရာမက ပိုက်ဆံတွေ ပေးနေတာ ရပ်ပါတော့ဆိုပြီး ကျောင်းအုပ်ကြီးထံ သွားတိုင်ခဲ့ပါတယ်။
 
အဲဒီအတွက် စစ်ဆေးရင်း ကျောင်းသားနဲ့ ကာမလွန်ကျူးမှု ပေါ်ပေါက်ခဲ့ပြီး တရားစွဲခံခဲ့ရတာဖြစ်ပါတယ်။ ကျောင်းသားအနေနဲ့တော့ မည်သည့်တရားစွဲဆိုမှုမျိုးကိုမျှ ရင်ဆိုင်ရဖွယ်မရှိကြောင်း သိရှိရသည်။ 
 


Follow us on