1. Home
  2. Special or Others

ရန်သူ့ရေငုတ်သင်္ဘော ထောက်လှမ်းနိုင်မည့် မောင်းသူမဲ့ရေယာဉ် အမေရိကန်စမ်းသပ်မောင်းနှင်

Special or Others ม.ค. 26, 2560 view 1,601
ရန်သူ့ရေငုတ်သင်္ဘောကို စုံစမ်းထောက်လှမ်းနိုင်မည့် အလိုလျောက်စနစ်ဖြင့် မောင်းနှင်သော ရေယာဉ်တစ်စီးကို အမေရိကန်ရေတပ်မှ စမ်းသပ်မောင်နှင်လျှက်ရှိသည်။
 
ကာကွယ်ရေး အဆင့်မြင့်သုတေသန ပရော့ဂျက်အဖြစ် အဆိုပါရေယာဉ်ကို စမ်းသပ်စစ်ဆေးခြင်းဖြစ်ပြီး အဓိကအားဖြင့် ရေငုတ်သင်္ဘောကို ထောက်လှမ်းနိုင်ရန် တိတ်ဆိတ်စွာမောင်းနှင်နိုင်သည့် လျှပ်စစ်ဒီဇယ်အင်ဂျင် တပ်ဆင်ထားကြောင်း သိရှိရသည်။
 
အရှည် ၄၀ မီတာရှိပြီး မည်သည့်လက်နက်မှ မတပ်ဆင်ထားသည့် အဆိုပါရေယာဉ်သည် တစ်နာရီလျှင် ၃၁ မိုင် ခရီနှင်နိုင်ပြီး ပိုလီနီစီယမ် ကိုယ်ထည်နှင့် ကနူးလှေပုံသဏ္ဍန် ပြုလုပ်ထားသည်။ ၆ မီတာအမြင့် လှိုင်းလုံးကြီးများကိုပင် အံတုကာ သမုဒရာလမ်းညွှန်ရေပုံကို ပံပိုးပေးနိုင်သည်။
 
ကာကွယ်ရေးဌါန၏ ပြောကြားချက်အရ အဆင့်မြင့် နည်းပညာများတပ်ဆင်ထားသည့်အတွက် အလိုလျှောက် မောင်းနှင်နိုင်ပြီး အခြားသင်္ဘောများရဲ့ အနီးဝန်းကျင်မှာ တစ်လခန့် အတူရှိနေနိုင်သည်။ ၂၀၁၈ ခုနှစ်တွင် စမ်းသပ်မှုလုပ်ငန်းများ အဆုံးသတ်နိုင်မည်ဖြစ်ပြီး အောင်မြင်ပါက အနေရိကန်ရေတပ်သို့ လွှဲပြောင်းပေးသွားမည်ဖြစ်သည်။
 


Follow us on