1. Home
  2. Special or Others

မိနစ် ၂၀ လောက် လမ်းလျှောက်ပေးတာက ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့ ရောင်ရမ်းမှုတွေကို လျော့ကျစေနိုင်

Special or Others ม.ค. 26, 2560 view 1,544

မိနစ် ၂၀ လောက် ကိုယ်လက်လှုပ်ရှားပေးတာက ခန္ဓာကိုယ်အတွင်းက ရောင်ရမ်းမှုတွေကို လျော့ကျစေနိုင်တယ်လို့သု တေသနတစ်ခုက အဆိုပြုလာပါတယ်။ လေ့လာမှုမှာ ပါဝင်သူ ၄၇ ဦးကို လမ်းလျှောက်စက် ပေါ်မှာ မိနစ် ၂၀ ကြာလမ်းလျှောက်စေခဲ့ပြီး သည်လှုပ်ရှားမှုမတိုင်မီနဲ့ အပြီးမှာ သွေးစစ်လေ့လာခဲ့ပါတယ်။ သည်လှုပ်ရှားမှုအတိုင်းအတာလောက်နဲ့ပဲ ခန္ဓာကိုယ်အတွင်းက ရောင်ရမ်းမှုတွေလျော့ကျသွားတာတွေ့ရတယ်လို့ သုတေသီတွေက ပြောပါတယ်။ အထူးသဖြင့် မိနစ် ၂၀ ခန့်လှုပ်ရှားမှုပြီးဆုံးတဲ့အခါ ခန္ဓာကိုယ်ရဲ့ရောင်ရမ်းမှု တုံ့ပြန်မှုအတွင်းပါဝင်တဲ့ TNF လို့ ခေါ်တဲ့  ပရိုတင်းတစ်မျိုးကိုထုတ်ပေးတဲ့ ကိုယ်ခံအားဆဲလ်အရေအတွက်မှာ ငါးရာခိုင်နှုန်းလျော့နည်းသွားတာ တွေ့ရပါတယ်။

အရင်ဆုံးလှုပ်ရှားမှုအတွင်းမှာ ထွက်ရှိလာတဲ့ epinephrine နဲ့ norepinephrine လိုမျိုးဟော်မုန်းတွေက beta-2 adrenergic rece-ptors လို့ ခေါ်တဲ့  receptors တွေကိုဆွပေးပါတယ်။ သည် receptors တွေက ကိုယ်ခံအားဆဲလ်တွေအပါအဝင် ဆဲလ်အတော်များများမှာ ရှိနေတတ်ပြီး သည်လို receptors ဆွမှုကနေ ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ် တုံ့ပြန်မှုတွေကို ပြောင်းလဲစေနိုင်တယ်လို့ University of California San Diego School of Medicine  မှ သုတေသီ ဆူဇီဟွန်က ပြောပါတယ်။ သည်တွေ့ရှိမှုက ကုထုံးအသစ်တွေထွက်ပေါ်လာအောင် အထောက်အကူပေးနိုင်လိမ့်မယ်လို့ ဟွန်ကဆိုပါတယ်။

ဒါပေမဲ့ရောင်ရမ်းမှုလျော့စေဖို့အတွက် လှုပ်ရှားလေ့ကျင့်မှုအတွင်းအပြင်ကိုပဲထွက်လျှောက်ရမယ်လို့ဆိုလိုတာ မဟုတ်ဘူးလို့လည်း  သုတေသီတွေကပြောပါတယ်။ လမ်းအမြန်လျှောက်တာအပါအဝင် အတော်အသင့်ကိုယ်လက်လှုပ်ရှားမှုကို  မိနစ် ၂၀ ကနေ   တစ်နာရီခွဲလောက်အထိလုပ်ပေးရင် လုံလောက်မှာပါလို့ ဟွန်ကပြောပါတယ်။ သုတေသန ကို Brain,  Be-havior and Immunity ဂျာနယ်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

Credit : kumudranews



Follow us on