1. Home
  2. Myanmar News

တရားမဝင်သစ်များပါရှိသည့် နောက်ထပ်ကွန်တိန်နာ (၁၁)လုံး MIP ဆိပ်ကမ်းတွင် ထပ်မံဖမ်းဆီးရမိ

Myanmar News ม.ค. 27, 2560 view 1,502
ဇန်နဝါရီ ၂၄ ရက်နေ့တွင် မြန်မာ့စက်မှုဆိပ်ကမ်း (MIP)၌ သတင်းအရ သစ်တောဝန်ထမ်းများနှင့် အကောက်ခွန်ဝန်ထမ်းများ ဝင်ရောက်စစဆေးရှာဖွေရာ ကျွန်းသစ်ခွဲ့သား ၂၄ တန် ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ခဲ့သော သတင်းကွင်းဆက်အရ နောက်ထပ် ကွန်တိန်နာ (၁၁)လုံးတွင်ပါ တရားမဝင်သစ်များ ထည့်ထားသည်ကို သိရှိခဲ့ရခြင်းဖြစ်သည်။
 
 
 
ဆက်စပ်သတင်းအရ ဇန်နဝါရီ ၂၆ နံနက် ၈ နာရီခန့်တွင် သံသယရှိသော ကွန်တိန်နာ (၁၁)လုံးမှ (၆)လုံးအား ဖွင့်ဖောက် စစ်ဆေးခဲ့ရာ ကွန်တိန်နာအားလုံးတိုါတွင် တရားမဝင် ပိတောက်သစ်များ ထည့်သွင်းထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး ကျန်ကွန်တိန်နာ (၅)လုံးကိုလည်း ဆက်လက် စစ်ဆေးလျှက်ရှိပြီး၊ တရားဥပဒေနဲ့အညီ အရေးယူဆောင်ရါက်သွားမည်ဖြစ်ကြောင်း သစ်တောဝန်ကြီးဌါနမှ သတင်းထုတ်ပြန်ခဲ့သည်။


Follow us on