1. Home
  2. Myanmar News

လာဘ်စားမှုအများဆုံး နိုင်ငံများစာရင်းထဲက ရုန်းမထွက်သေးတဲ့ မြန်မာ

Myanmar News ม.ค. 27, 2560 view 1,670
မြန်မာနိုင်ငံတွင် လာဘ်ပေးလာဘ်ယူ အကျင့်ပျက်ချမှုမှုနှုန်းများ လွန်ခဲ့သော နှစ်များထက် လျှော့ကျနေခဲ့သော်လည်း ကမ္ဘာ့လာဘ်စားမှု အဆိုးဆုံးနိုင်ငံစာရင်းများထဲက ရုန်းမထွက်နိုင်သေးပဲ အဆင့်(၁၃၆) နေရာတွင် ရှိနေကြောင်း နိုင်ငံတစ်ကာပွင့်လင်းမြင်သာမှုအဖွဲ့အစည်းက ဇန်နဝါရီလ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြကြေညာခဲ့ခြင်းဖြစ်သည်။
 
 
ကမ္ဘာလုံးဆိုင်ရာလာဘ်စားမှုတိုက်ဖျက်ရေးအဖွဲ့ (Transparency International) က နိုင်ငံပေါင်း (၁၇၆) နိုင်ငံ၏ ၂၀၁၆ ခုနှစ်အတွက် လာဘ်စားမှု အဆင့်ကို ထုတ်ပြန်ခဲ့သော စာရင်းတွင် မြန်မာက အဆင့် (၁၃၆) နေရာတွင် ရှိနေခဲ့ခြင်းဖြစ်သည်။ မြန်မာ၏ အောက်တွင် (၃၇) နိုင်ငံရှိနေတဲ့အတွက် ပြီးခဲ့တဲ့ နှစ်ကစာရင်းထက်စာရင် လာဘ်စားမှု့ လျော့ကျလာတယ်လို့ ပြောနိုင်ပါတယ်။ ၂၀၁၅ ခုနှစ် စာရင်းအရ နိုင်ငံပေါင်း (၁၆၈) နိုင်ငံတွင် မြန်မာက (၁၄၇)အဆင့်မှာ ရှိနခဲ့ပြီး အောက်တွင် (၁၉)နိုင်ငံသာ ရှိနေခဲ့ခြင်းဖြစ်သည်။
 
လာဘ်စားမှုအဆင့်များကို ပြသရာတွင် အရောင်များဖြင့် ခွဲခြားသတ်မှတ်ထားပြီး၊ အနီရောက်မှာ လာဘ်စားမှု အဆိုးဆုံး၊ လိမ္မော်ရောင်မှာ အလယ်အလတ်ဖြစ်ပြီး အဝါရောင်မှာ လာဘ်စားမှုအကင်းဆုံး အဖြစ် သတ်မှတ်ထားသည်။ မြန်မာနိုင်ငံ အနေနှင့် လာဘ်စားမှု လျော့နည်းလာသော်လည်း အနီရောင်အဆင့် သတ်မှတ်ချက်ထဲမှ မလွတ်မြောက်သေးကြောင်း တွေ့ရှိရသည်။ 
 
 
ကမ္ဘာပေါ်တွင် လာဘ်စားမှုအကင်းဆုံးနိုင်ငံအဖြစ် ဒိန်းမတ်က နံပါတ်(၁) နေရာကရှိပြီး လာဘ်စားမှုအဆိုးရွားဆုံး နိုင်ငံအဖြစ် ဆိုမာလီးယားက နံပါတ်(၁၇၆) နေရာတွင် ရှိနေခဲ့သည်။ လာဘ်စာာမှုအဆင့် သတ်မှတ်ချက်များကို စာရင်းကိန်းဂဏန်း အတိအကျကောက်ယူ သတ်မှတ်ခဲ့ခြင်းမျိုးမဟုတ်ပဲ သက်ဆိုင်ရာနိုင်ငံများမှ ပညာရှင်များ၏ နိုင်ငံတွင်း လာဘ်စားမှုအခြေအနေ သုံးသပ်တင်ပြချက်များပေါ် အခြေခံကာ ထုတ်ပြန်ထားခဲ့သည့် စာရင်းဖြစ်ကြောင်း သိရှိရသည်။
 
မြန်မာနိုင်ငံအနေနှင့် ဒေါ်အောင်ဆန်းစုကြည် အစိုးရသစ်တက်လာခဲ့သော်လည်း လာဘ်စားမှုဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ကြောင်းနှင့် အစိုးရသစ်အနေနှင့် နိုင်ငံ၏ အင်စတီကျူးရှင်းနှင့် ဥပဒေဆိုင်ရာမူဝါဒနှင့် နိုင်ငံရေးတွင် လူမှုပါဝင်မှုကို မြှင့်တင်ရန်ဆန္ဒရှိကြောင်း ပြသမှုကို ကမ္ဘာလုံးဆိုင်ရာလာဘ်စားမှုတိုက်ဖျက်ရေးအဖွဲ့က အသိမှတ်ပြုကြောင်း ကြေညာချက်တွင် ဖော်ပြခဲ့သည်။
 
Ref:7Day
 


Follow us on