1. Home
  2. Myanmar News

သီလ၀ါအထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီရှယ်ယာ ကိုးလအတွင်း အနိမ့်ဆုံးဈေးအောက် ကျဆင်း

Myanmar News ม.ค. 27, 2560 view 1,432

ရန်ကုန်စတော့အိတ် ချိန်းတွင် သီလ၀ါအထူးစီးပွားရေး ဇုန်အများပိုင် ကုမ္ပဏီ(MTSH) ရှယ်ယာဈေး ဆက်တိုက်ကျဆင်းလာပြီး ဇန်န၀ါရီ ၂၆ရက်တွင် အခြေခံဈေးနှုန်းသို့ ပြန်လည် ကျဆင်းလာကြောင်း သတင်းရရှိသည်။ MTSH ရှယ်ယာ ဆယ်စုပေါင်းသည် အမြင့်ဆုံးဈေးကျပ် ခုနစ်သောင်းအထိ ဈေးပေါက်ခဲ့ သော်လည်း ယခုဇန်န၀ါရီ ၂၆ရက် တွင် ရှယ်ယာတစ်စုလျှင် ကျပ် လေးထောင်သို့ ပြန်လည်ကျ ဆင်းလာကြောင်း ရန်ကုန် စတော့အိတ်ချိန်းမှ သတင်းရရှိသည်။

ရန်ကုန်စတော့အိတ်ချိန်းသို့ ၂၀၁၆ မေလ ၂၀ရက်တွင် ၀င်ရောက် ခဲ့ရာ ကိုးလကျော်အတွင်း အနိမ့်ဆုံးဈေးဆယ်စုပေါင်းလေးသောင်းကျပ်ဖြင့် အစုရှယ်ယာသုံးသောင်းကျော် အရောင်းအ၀ယ်ဖြစ်ခဲ့သည်။ MTSHကုမ္ပဏီ၏ ရှယ်ယာ ကို ၂၀၁၃ တွင် စတင်ရောင်းချစဉ်က ကျပ်တစ်သောင်းနှုန်းဖြင့်ရောင်းချခဲ့ပြီး ၂၀၁၆ နိုဝင်ဘာလဆန်းတွင် အဆိုပါရှယ်ယာတစ်စုကို ဆယ်စုအဖြစ်ခွဲခြမ်းခဲ့သည်။

ဇန်န၀ါရီ ၂၀ရက်တွင် ရန် ကုန်စတော့အိတ်ချိန်းသို့ စတင် ၀င်ရောက်ခဲ့သည့် ပထမပုဂ္ဂလိက ဘဏ်၏ ရှယ်ယာ တန်ဖိုးသည် တစ်ပတ်အတွင်း ရှယ်ယာတန်ဖိုး ၁၇ရာခိုင်နှုန်းခန့်ကျဆင်းပြီး ဇန်န၀ါရီ ၂၆ရက်တွင် ရှယ်ယာတစ်စု လျှင် ကျပ် သုံးသောင်းနှစ်ထောင့်ငါးရာပေါက်ဈေးရှိခဲ့သည်။ ရန်ကုန်စတော့ အိတ်ချိန်း တွင် ရှယ်ယာရောင်းချခဲ့သည့် ကုမ္ပဏီများဖြစ်သော FMI သည် ရှယ်ယာ စတင်ရောင်းချချိန်၌ ၁၉ ရာခိုင်နှုန်း၊ သီလ၀ါ အထူးစီးပွားရေးဇုန်အများပိုင် ကုမ္ပဏီ (MTSH)က ၂၅ရာခိုင်နှုန်း၊ မြန်မာ နိုင်ငံသားများဘဏ်(MCB) က ၁၅ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့သည်။

Credit : 7daydaily



Follow us on