1. Home
  2. Myanmar News

ရန်ကုန်လိုင်းကားပေါ်က လက်သရမ်းချက်

Myanmar News ม.ค. 27, 2560 view 1,722

ညီမ ဘောင်းဘီကိုတွေ့ကြတယ်မလား ပြဲသွားတာအကြီးကြီးပဲ။ ဘာဖစ်လို့အဲ့လိုပြဲသွားတာလဲဆိုတော့ ညီမ မညက ကနေ မြေနီကုန်း ကို ၂၁ ကားစီးသွားပါတယ် ကားက အရမ်းကြီးမကျပ်ပါဘူး မြေနီကုန်းကားမှတ်တိုင်ရောက်ခါနီးတော့ ညီမလည်း ကားအပေါက်ကတိုင်ဘေးနားမှာသွားမတ်တပ်ရပ်တာပေါ့ အဲ့အချိန်မှာ ကောင်လေးတစ်ယောက်ညီမနောက်မှာ လာမတ်တပ်ရပ်တာကို သတိရလိုက်ပါတယ် ညီမလည်းသတိမထားမိလိုက်ပါဘူး ခဏလည်းနေရော ညီမရဲ့တင်ပါး စူးခနဲ ဖစ်သွားတာ သတိထားမိလိုက်ပါတယ် မြေနီကုန်းကားဂိတ်ရောက်လို့ဆင်းလည်းဆင်းရော ညီမဘောင်းဘီပြဲနေတာကို သတိထားမိလိုက်ပါတယ် ညီမတင်ပါးကတော့ တအားစပ်နေတာပေါ့နော်

အဲ့ဒါနဲ့အဲ့နားလေးအုပ်ပီးလမ်းလျှောက်နေတာပေါ့နော် ခဏနေတော့ တအားစပ်လာတာ မခံနိုင်တော့လို့ အနောက်က လမ်းလျှောက်လာတဲ့လင်မယားကို အကူအညီတောင်းပီးတော့ အန်တီကျေးဇူးပြု၍ သမီးတင်ပါးလေးကြည့်ပေးပါလားလို့ နောက်လှည့်ပြလိုက်တော့ဘောင်းဘီအကြီးကြီးပြဲနေပီး တင်ပါး သွေးတွေထွက်နေတယ်တဲ့ ညီမ လည်းလန့်ပီးကိုင်ကြည့်လိုက်တော့ တင်ပါးမှာသွေးတွေအများကြီးထွက်နေတာ သိလိုက်ရတယ် ။ ညီမသိလိုက်တယ် ညီမ တင်ပါးကို တခုခု ချွန်ထက်တာနဲ့ ထိုးသွားတယ်ပေါ့ ညီမ ဂျင်းဘောင်းဘီပြဲသွာတာကိုပဲကြည့် ဂျင်းက ဖြဲလို့သိပ်မလွယ်လှတဲ့အသားပါ အဲ့ဒါနဲ့တွေ့တဲ့ဆိုင်တစ်ဆိုင်ဝင်ပီး ဘောင်းဘီအသစ်တစ်ထည် ဝယ်ဝတ်လိုက်ရတယ်ပေါ့နော် အဲ့ဒါကြောင့် မိန်းကလေးများသတိထားကြပါလို့နေ့ခင်းကြောင်တောင် လူတွေရှင်းနေတာကိုတောင် အဲ့လိုအလုပ်ခံလိုက်ရတာပါ အနာလည်းရ အရှက်လည်းရပေါ့နော် မိန်းကလေးများအားလုံးကို သတိထားစေချင်ပါတယ်လို့ပြောထားပါတယ်။

https://www.facebook.com/lelbwe.htoo



Follow us on