1. Home
  2. Myanmar News

တယ်လီနောက ဖုန်းခေါ်ဆိုခ တစ်မိနစ် ၂၆ ကျပ်ဖြစ်ပြီ

Myanmar News ม.ค. 27, 2560 view 1,693

တယ်လီနောက ဖုန်းပြောဆိုခ ယခင်ထက် တိုးမြှင့်ကောက်ခံရာမှာပွင့်လင်းမြင်သာမှုမရှိဘူးလို့ တယ်လီနော သုံးစွဲသူတချို့က ဝေဖန်သုံးသပ်နေကြပါတယ် ။တယ်လီနောဆင်းမ်ကတ်အ သုံးပြုသူတစ်ဦးက ဘယ်အော်ပရေတာမဆို ဈေးနှုန်းအပြောင်းအလဲကို ဖုန်းအသုံးပြုသူတွေဆီကို မက်ဆေ့ခ်ျပေးပို့တာမျိုးဖြစ်စေ ပွင့်လင်းမြင်သာမှုရှိဖို့ လိုတာပေါ့၊ အခုဟာက သုံးနေတဲ့သူကိုယ်တိုင်ဈေးတက်တာ မသိတာ မျိုးတော့ မဖြစ်သင့်ပါဘူးလို့ပြောပါတယ်။ တယ်လီနောရဲ့ကောလ်စင်တာနံပါတ်ဖြစ်တဲ့ ၉၇၉ ကို ခေါ်ယူမေးမြန်းရာမှာတော့ အလှည့်ကျဝန်ထမ်းတစ်ဦးက ဈေးတက် လိုက်တာက အခု ၁ လပိုင်း ၆ ရက်နေ့က စတက်တာပါ၊ တယ်လီနေနာကနေ အခြားအော်ပရေတာကိုခေါ်ဆိုရင် ၂၆ ကျပ် ၂၅ ပြားကျသင့်မှာဖြစ်ပါတယ်လို့ ဖြေကြားပါတယ်။

တယ်လီနောသုံးစွဲတဲ့ ပြည်သူတွဟာ ဖ့စ်ဘုတ်ခ်နဲ့ဗိုက်ဘာကိုအခမဲ့သုံးစွဲင်လို့လူကြိုက်များနေတဲ့ တယ်လီနောရဲ့စိတ်ကြိုက် အထူးအစီအစဉ်ကို ဇန်နဝါရီလ ၂၃ ရက်နေ့ ည ၁၁း၅၉ နာရီမှာစတင်ရပ်ဆိုင်းသွား မှာဖြစ်တယ်။ အဲသည် အချိန်မတိုင်ခင်အထိ စိတ်ကြိုက်အထူးအစီအစဉ်ကို ရယူထားပြီးသူတွေအတွက်တော့ ပုံမှန် top up ပြုလုပ်ရုံနဲ့ ဖေ့စ်ဘုတ်ခ် နဲ့ဗိုက်ဘာ အခမဲ့ သုံးစွဲနိုင်ခွင့်ကို နေ့စဉ်ရရှိမှာဖြစ်တယ်လို့ တယ်လီနောမြန်မာဖေ့စ်ဘုတ်ခ် ပေ့ခ်ျကထုတ်ပြန်ထားပါတယ်။ အခုလို တယ်လီနောရဲ့ဈေး နှုန်းအပြောင်းအလဲနဲ့ ပတ်သက်ပြီး နီးစပ်ရာတယ်လီနောသုံးစွဲသူအချို့ကို မေးမြန်းခဲ့ရာမှာ ဈေးနှုန်းပြောင်းလဲထားတာကို သတိမထားမိကြပါဘူး။ တယ်လီနောရဲ့ဈေးနှုန်းပြောင်းလဲတာကို တယ်လီနော ဝက်ဘ်ဆိုက်မှတရားဝင်ကြေညာခဲ့ပေမဲ့ တယ်လီနောအသုံးပြု သူတွေဟာ မသိဘဲ ဆက်လက်အသုံးပြုနေကြတာဖြစ်တယ်လို့ သိရပါတယ်။

Credit : kumudranews



Follow us on