အင်ဒိုနီးရှားနိုင်ငံ ခရီးစဉ်မှ စင်္ကာပူလေကြောင်းလိုင်းဖြင့် ရန်ကုန်သို့ ပြန်လည်ရေက်ရှိလာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ကြီးဦးကိုနီသည် ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့ တက္ကစီဂိတ်အနီး၌ ယနေ့ညနေ ၄နာရီ ၅၅ မိနစ်အချိန်က သေနတ်ဖြင့် လုပ်ကြံပစ်သတ်ခံခဲ့ရပြီး ကွယ်လွန်သွားခဲ့သည်မှာ မှန်ကန်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အတည်ပြုပြောကြားလိုက်သည်။
ဦးကိုနီကို လုပ်ကြံပစ်ခတ်ခဲ့သော တရားခံကို ကူညီဖမ်းဆီးပေးခဲ့သည့် ရန်ကုန်လေဆိပ် တက္ကစီယာဉ်မောင်း (၄၂ နှစ်)လည်း သေတ်နှင့်အပစ်ခံရကာ သေဆုံးခဲ့ပြီး တရားခံကို အရှင်ဖမ်းဆီရမိထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။
သေနတ်နှင့် ပစ်ခဲ့သူ တရားခံမှာမန္တလေးတိုင်း မဟာအောင်မြေမြို့နယ် ပုဏ္ဏကုန်းရပ်နေ ရှမ်းတရုတ် ကြည်လင်း ဆိုသူဖြစ်ကြောင်း ကနဦးသတင်း ရရှိသည်။