1. Home
  2. Myanmar News

တရားလွှတ်တော်ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုဖြစ်စဉ် အစ/ဆုံး

Myanmar News ม.ค. 30, 2560 view 1,755
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်သူ ဦးကိုနီသည် ပြန်ကြားရေးဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် Senior Leadership Program လေ့လာရေးခရီးစဉ်မှ ဇန်နဝါရီ ၂၉ ရက်နေ့တွင် စင်ကာပူလေးကြောင်းလိုင်းနှင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
 
 
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လာရောက်ကြိုဆိုနေသာ သူ၏မြေးလေးအား လေဆိပ်ခန်းမအပြင်ဘက်ရှိ ကားများလူအတင်အချပြုလုပ်သည့် ပလက်ဖောင်းတွင် မြေးဖြစ်သူအား ပွေ့ချီထားလျှက် မြေးအဖိုးနှစ်ယောက် ကြည်နူးနေခဲ့ကြသည်။ ထိုစဉ် အင်္ကျီပန်းရောင်၊ ဘောင်းဘီတို ဝတ်ဆင်ထားသူတစ်ဦးက ဦးကိုနီထံသို့ လျှောက်လာခဲ့ပြီးနောက် အနားအရောက်တွင် သေနတ်ထုတ်ကာ ဦးကိုနီ၏ နာထင်ညာဘက်ခြမ်းကို တေ့ကာအနီးကပ် ပစ်သတ်ခဲ့ပြီး ပြေးထွက်ခဲ့ပါတယ်။
 
 
ဟိန်းထွက်လာတဲ့ သေနတ်သံအကျယ်ကြီးကြောင့် အနီးနားမှ လေဆိပ်တက္ကဆီမောင်းသူများ ထိုနေရာသို့ ပြေးသွားခဲ့ပြီး အခြေနေကို သိရှိသွားတဲ့အတွက် သေနတ်သမားနောက်သို့ တက္ကစီသမား (၇၀) နီးပါးခန့် ဝိုင်းလိုက်ခဲ့ကြပါတယ်။ နောက်ကနေလိုက်ရင်း “သူ့မှာသေနတ်ပါတယ်၊ သူ့မှာသေနတ်ပါတယ်နော်” လို့ အော်ပြောရင်း နှစ်ဖက်ခွပြီးလိုက်ကြပါတယ်။
 
သေနတ်သမားနဲ့ လူအုပ်ကြီးဟာ ပေ(၂၀)အကွာအဝေးလောက်ပဲ ခြားပါတော့တယ်၊ အဲ့ဒီအချိန်မှာ အရှေ့ဆုံးက လိုက်နေတဲ့ တက္ကစီဆရာ ဦးနေဝင်းက အုတ်ခဲနဲ့ လှမ်းပစ်ပါတယ်၊ သေနတ်သမားက နောက်ပြန်လှည့်ပြီး သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ဦးနေဝင်းရဲ့ ဆီးခုံကို ကျည်ဆံဖောက် ထိမှန်ခဲ့ပါတယ်။ သေနတ်သမားက ဆက်လက်ပေးနေရင်း သေနတ်နှစ်လက် ဘယ်ညာကိုင်ပြီး ပစ်ခတ်ပြီး ဆက်လက်ပြေးကာ Amazing ဆိုင်အရှေ့မှာ တွေ့ရတဲ့ တက္ကစီကားကို သေတ်နဲ့ချိန်ပြီး ရှေ့ကပိတ်တားကာ တက္ကစီပေါ်တက်ပြီးနောက် ကားသမားကို သေနတ်ထောက်ပြီး မောင်းခိုင်းခဲ့ပါတယ်။ 
အဲ့အချိန်မှာနောက်က ဝိုင်းလိုက်လာတဲ့ တက္ကစီဆရာများက ကားကို ထွက်လို့မရအောင် ပိတ်စို့ဝိုင်းထားတဲ့အချိန်မှာ လေဆိပ်ရဲများ ရောက်ရှိလာကာ သေနတ်သမားကို သေနတ်နဲ့ချိန်ရွယ်၍ ဖမ်းဆီးခဲ့ကြပါတယ်။
 
 
သေနတ်နှင့် ပစ်ခတ်မှုကြောင့် တရားလွှတ်တော်ရှေ့နေ ဦးကိုနီ နေရာတွင်သေဆုံးခဲ့ပြီး တက္ကစီမောင်းသူ ဦးနေဝင်းကို မြောက်ဥက္ကလာဆေးရု့းသို့ တင်ပို့ခဲ့ရာ သေဆုံးသွားခဲ့သည်။
 
 
ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့သူမှာ မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် ပုဏ္ဏကုန်းရပ်နေ ရှမ်းတရုတ် ကြည်လင်း ဆိုသူဖြစ်ပြီး လုပ်ကြံရသည့် အကြောင်းရင်းအား စစ်ဆေးဖော်ထုတ်နေဆဲဖြစ်သည်။ အဆိုပါသတင်းကို ရုပ်သံ အစီစဉ်များပြသနေရာမှ စာတန်းထိုးကာဖော်ပြခဲ့ခြင်း၊ လူမှုကွန်ယက်မှ ပြန့်နှံ့သွားခဲ့သည့်အတွက် မန္တလေးမြို့ခံများက တရားခံဆိုသူ၏ နေအိမ်အနီးသို့ စုရုံးရောက်ရှိလာကြသဖြင့် လုံခြုံရေးပြန်လည်ချားမှုများလည်း ရှိခဲ့ကြောင်း သိရှိရသည်။
 
 
ယခုကဲ့သို့ ပေါ်ပေါ်ထင်ထင် တစ်ကိုယ်တော်လုပ်ကြံမှုသည် မြန်မာ့နိုင်ငံရေးရာဇဝင်တွင် ပထမဦးဆုံးအကြိမ် ဖြစ်နိုင်ပြီး နိုင်ငံတော်အကြီးအကဲများနှင့် အရေးကြီးပုဂ္ဂိုလ်များနှင့် နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေးကို အကြီးအကျယ်ခြိမ်းခြောက်နေသည့် သာဓကတစ်ခု ဖြစ်ရပ်တစ်ခု ဖြစ်သည့်အတွက် တရားဥပဒေအရ ဆက်စပ်မှုများကို မြေလှန်ဖော်ထုတ်ကာ ပြတ်ပြတ်သားသား အရေးယူရမည့် ကိစ္စတစ်ခုဖြစ်ကြောင်း တင်ပြလိုက်ပါသည်။
 
 
Ref:ဧရာဝတီ
 


Follow us on