1. Home
  2. Myanmar News

ကွယ်လွန်သူ တာဝန်သိပြည်သူ တက္ကစီယာဉ်မောင်း ဦးနေဝင်း၏ မိသားစုအား ကူညီထောက်ပံ

Myanmar News ม.ค. 30, 2560 view 1,515
ဇန်နဝါရီ ၂၉ ရက်နေ့က တရားလွှတ်တော်ရှေ့နေဦးကိုနီအား လုပ်ကြံသတ်ဖြတ်သွားသူ တရားခံအား ဖမ်းဆီးရမိရေးအတွက် အသက်ကို ပဓာနမထားပဲ လိုက်လံဖမ်းဆီးပေးခဲ့ရာမှ သေနတ်ထိမှန်ကာ ကွယ်လွန်ခဲ့ရသော တာဝန်သိပြည်သူ အငှားယာဉ်မောင်း ဦးနေဝင်း (၄၂နှစ်)၏ ကျန်ရစ်သူ မိသားစုကို “Appolo 168 Company Ltd..” မှ ဦးခင်မောင်ဦးက လတ်တလော သုံးစွဲရန် ငွေကျပ် (၁၁)သိန်းကို သွားရောက်လှုဒါန်းခဲ့ပြီး ကလေးများ၏ ပညာရေးစရိတ်ကိုလည်း ရေရှည်တွင်ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
 
 
 
 
အငှားယာဉ်မောင်း ဦးနေဝင်း (၄၂နှစ်)သည် မင်္ဂလာဒုံမြို့နယ် ကြံခင်းစု ရပ်ကွက် မြတောင်ညို ၁ လမ်း အိမ်နံပါတ် (၃၀)တွင် နေထိုင်သူ ဖြစ်ပြီး ရန်ကုန်လေဆိပ်တွင် အငှားယာဉ်မောင်းအဖြစ်လုပ် ကိုင်နေသည်မှာ ၁၀ နှစ်ခန့်ရှိပြီး ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ မစုသက်ခိုင် (၃၀ နှစ်) နှင့် (၇ နှစ်)၊ (၄ နှစ်)နှင့် (၄၅ ရက်သားအရွယ်) သားသမီး သုံးဦးတို့ ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။ အများအကျိုးကို အသက်နဲ့ရင်းပြီး တာဝန်ကျေစွာ ထမ်းဆောင်ခဲ့သူ ဦးနေဝင်း၏ ဈာပနကို ရတ်ကုန်တိုင်းအစိုးရ အစီအစဉ်ဖြင့် ဇန်နဝါရီ ၃၁ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။
 
 
source:Khinmaung Oo (FB)
 


Follow us on