1. Home
  2. Special or Others

ဘတ်စကတ်ဘောကစားသမားတစ်ဦး ပွဲကစားနေစဉ် မျက်လုံးထွက်ကျခဲ့

Special or Others ม.ค. 30, 2560 view 1,658
နယူးဇီလန်နိုင်ငံမှာ ဘတ်စကတ်ဘော ကစားသမား အကီလီမစ်ချယ် ဆိုသူသည် ဘတ်စကတ်ဘော ယှဉ်ပြိုင်ကစားနေစဉ် ပွဲစဉ်အတွင်း၌ ဘယ်ဖက်မျက်လုံး သူငယ်အိမ်အတွင်းမှ ရုတ်တရက်ထွက်ကျခဲ့သော ကြောက်စရာ ဖြစ်ရပ်တစ်ခု ဖြစ်ပျက်ခဲ့သည်။
 
ပြီးခဲ့တဲ့ ကြာဿပတေးနေ့ကညက ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာ အသက် ၂၄ နှစ်အရွယ် ကစားသမား အကီလီမစ်ချယ် ပွဲကစားနေစဉ် ရုတ်တရက်လဲကျခဲ့ပြီးနောက် ပြန်အထတွင် သူ၏ဘယ်ဖက်မျက်လုံး မျက်စိသူငယ်အိမ်အတွင်းမှ ထွက်ကျခဲ့ခြင်းဖြစ်သည်။ ဆေးရုံသို့တင်ပို့ခဲ့ရပြီး မကြာမီတွင် ESPN မှ မန်နေဂျာတစ်ဦးက အကြီးအကျယ်ထိခိုက်ခဲ့ခြင်း မရှိကြောင်း ပြောကြားခဲ့သည်။
 


Follow us on