1. Home
  2. Myanmar News

ဦးကိုနီလုပ်ကြံခံရမှုအတွက် ဝမ်းနည်းကြောင်း (MDCF)ဥက္ကဋ္ဌ ကိုထင်ကျော် ပြောဆို

Myanmar News ม.ค. 30, 2560 view 1,575
NLD ပါတီ၏ ဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံခံရခြင်းက မြန်မာနိုင်ငံရဲ့ ဒီမိုကရက်တစ်တွေအားလုံးကို လုပ်ကြံခံရတာနဲ့ အတူတူပဲလို့ ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အားစု (MDCF)ဥက္ကဋ္ဌ ကိုထင်ကျော်က သူကိုရုံးထုတ်လာတဲ့ အချိန်မှာ ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် ဦးကိုနီလုပ်ကြံခံရမှုကို (MDCF) အနေနဲ့ ဝမ်းနည်းကြောင်း ကြေညာခဲ့ပါတယ်
 
စစ်ဗိုလ်ချုပ်များကိုလည်း  သူခိုးများ၊ ဘုရားဗုံးထောင်သူများ၊ လူမျိုးရေးဘာသာရေး ပဋိပက္ခဖြစ်အောင် လုပ်ဆောင်သူများဟု ဆက်လက်စွပ်စွဲနေပြီး အာဏာရှင်လက်တံများကို (MDCF) က အပြီးသတ်တိုက်ဖျက်သွားမည်ဟု ကြွေးကြော်ခဲ့ပါတယ်။ ကိုထင်ကျော်မှာ တပ်မတော်အရာရှိများ ကိုဆဲဆိုမှုအတွက် ပုဒ်မ ၅၀၅(က) ဖြင့် တရားရင်ဆိုင်နေရသူလည်းဖြစ်သည်။
 
 
Video Credit:Min Mahar


Follow us on