1. Home
  2. Movie Stars - Celebrity

Miss Universe 2016 ဆုကို ရရှိသွားတဲ့ ပြင်သစ် အလှမယ်

Movie Stars - Celebrity ม.ค. 30, 2560 view 1,477

အသက် ၂၃ နှစ်အရွယ် ပြင်သစ်အလှမယ် Iris Mittenaere ဟာ 2016 ခုနှစ်ရဲ့ Miss Universe 2016 ဆုကို ဆွတ်ခူးရရှိခဲ့ပြီဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံအနေနဲ့တော့ Miss Universe ခရီးစဉ်တစ်လျှောက်မှာ ၁၉၅၃ခုနှစ်က ပထမဦးဆုံးအကြိမ်ဆုခူးရရှိခဲ့ပြီး အခုဆိုရင်တော့ ဒုတိယမြောက် ဆွတ်ခူးရရှိခဲ့တာပါ။

Miss Universe 2016 ဆုရှင် Iris Mittenaere ဟာ ပြင်သစ်မော်ဒယ် တစ်ယောက်ဖြစ်ပြီး သွားဆရာဝန်တစ်ယောက်ဖြစ်ဖို့ ရည်မှန်းထားသူ တစ်ယောက်လည်းဖြစ်ပါတယ်။ အိုင်းရစ်ရဲ့ မိဘနှစ်ပါးကတော့ သူမ အသက်သုံးနှစ်အရွယ်ကတည်းက ကွဲကွာသွားခဲ့ကြပြီး အကိုတစ်ယောက်နဲ့ ညီမနှစ်ယောက်ရှိတာပါ။

Iris Mittenaere ကတော့ ဖိလစ်ပိုင်နိုင်ငံမှာကျင်းပတဲ့ ၆၅ ကြိမ်မြောက် Miss Universe ပွဲမှာ သူ့နိုင်ငံရဲ့ ဒုတိယေမြောက် မယ်စကြာင်္ဝဠာဆုကို အရယူနိုင်ခဲ့ သူလဲ ဖြစ်ပါတယ်။

Credit:7Day



Follow us on