1. Home
  2. Special or Others

ကားပါကင်ရှိတဲ့နေရာတွေကို ဖော်ပြပေးမယ့် Google Maps ကို ထုတ်လုပ်

Special or Others ม.ค. 30, 2560 view 1,582

Google Maps ဟာ သင်ဘယ်မှာ အလုပ်လုပ်တယ်ဆိုတာကို သိရင် သင့်ရဲ့ယာဉ်လမ်းကြောအခြေအနေကိုပါ ပြောပြနိုင်တဲ့အဆင့်ထိ ရောက်လာပြီဖြစ်ပါတယ်။ အဲ့ဒီအပြင်နောက်ဆုံးထွက်တဲ့ Beta Update ဗားရှင်းမှာဆိုရင်၊ သင့်ကို ကားပါကင်ဘယ်နားမှာ ရှိတယ်ဆိုတာကအစ ပြောနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ တကယ်လို့ သင်က အမှတ် A ကနေ B ကို လမ်းကြောင်းတစ်ခု ဆွဲထားမယ်ဆိုရင် သေးငယ်တဲ့ Icon လေးနဲ့ အက္ခရာ P စကားလုံးလေးကို ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။

တကယ်လို့ ကားပါကင်မရနိုင်တော့ဘူးဆိုရင်တော့ အနီရောင် Icon နဲ့ ပြောင်းလဲ ပြသပေးမှာပါ။ တကယ်လို့ ဦးတည်ရာကို ထပ်ပြီးချဲ့လိုက်မယ်ဆိုရင် ပိုမိုတဲ့ သတင်းအချက်အလက်တွေ ထွက်လာတာကိုတွေ့ရမှာပါ။ လောလောဆယ်မှာ စမ်းသပ်ဆဲအဆင့်ဖြစ်ပြီး မကြာခင်ကာလအတွင်းမှာ Mall တွေ၊ လေဆိပ်တွေနဲ့ တခြားအများပြည်သူဆိုင်ရာ နေရာတွေရဲ့ ပါကင်အနေအထားတွေကို ထည့်သွင်းပေးဖို့အတွက် ပြုလုပ်နေကြောင်း သိရပါတယ်။

Credit : technology.thithtoolwin



Follow us on