1. Home
  2. Movie Stars - Celebrity

အကောင်းဆုံး အမျိုးသားဝတ်စုံဆုရခဲ့တဲ့ မြန်မာအလှမယ် ထက်ထက်ထွန်း

Movie Stars - Celebrity ม.ค. 30, 2560 view 1,843

ဖိလစ်ပိုင်နိုင်ငံမှာ ဇန်နဝါရီ ၂၉ ရက်နေ့က ကျင်းပခဲ့တဲ့ မယ်စကြဝဠာပြိုင်ပွဲ ၂၀၁၆ မှာ အသက် ၂၄ နှစ်အရွယ် မြန်မာအလှမယ် ထက်ထက်ထွန်းက အကောင်းဆုံး အမျိုးသားဝတ်စုံဆုကို ရရှိခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာ ထက်ထက်ထွန်းဟာ အနက်ရောင်နဲ့ အဖြူရောင်တွေပါတဲ့ ရုပ်သေးမင်းသမီးဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး ရုပ်သေးအက အလှတွေနဲ့ ဖျော်ဖြေခဲ့တာပါ။ အစီအစဉ်တင်ဆက်သူ စတိဗ်ဟာဗေးက မေးမြန်းခဲ့ချိန်မှာတော့ သူက ဒီဝတ်စုံဟာ ကီလို ၄၀ အလေးချိန်ရှိတယ်လို့ ဖြေခဲ့ပါတယ်။

 မြန်မာနိုင်ငံအတွက် ပထမဆုံးရရှိတဲ့ ဆုတဆုဖြစ်ခဲ့ပြီး ပြိုင်ပွဲဝင်နိုင်ငံပေါင်း ၈၅ နိုင်ငံမှ အလှမယ်တွေကို ဖြတ်ကျော်ပြီး ခုလိုချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။ မနှစ်ကပြိုင်ပွဲမှာတော့ ထိုင်းနိုင်ငံမှ အလှမယ် အနီပွန်း ချလမ်ဘူရာနဝန်က တုတ်တုတ်သုံးဘီးကား ဝတ်စုံဒီဇိုင်းနဲ့ “National Costume” အကောင်းဆုံး အမျိုးသားဝတ်စုံဆုကို ရရှိခဲ့ပါတယ်။

Credit:DVB



Follow us on