1. Home
  2. Movie Stars - Celebrity

ဟိုတုန်းကလို မလှတော့မှာ စိတ်ပူနေသူလေး

Movie Stars - Celebrity ม.ค. 30, 2560 view 1,591
တစ်ချိန်တုန်းက စူပါနံပါတ်တစ်ဖြစ်ခဲ့ပြီး ရုပ်ရှင်လောကမှ အကြာကြီးအနားယူကာ မိသားစုတွေကို အချိန်ပေးခဲ့တဲ့ အကယ်ဒမီ ထက်ထက်မိုးဦးတစ်ယောက် အခုဆိုရင် ရုပ်ရှင်၊ ကြော်ငြာလောကထဲကို တစ်ဖန်ပြန်လည် ဝင်ရောက်ခဲ့ပြန်ပါပြီ။
 
သမီးငယ်လေး ကြီးပြင်လာတာနဲ့အမျှ အရင်ကလို တာဝန်တွေမများတော့တဲ့အတွက် ဒီလောကထဲကို ပြန်လည်ဝင်ရောက်လာခြင်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အသက်ရွယ်နဲ့ ကင်းကွာခဲ့ရတဲ့ နှစ်တွေအရ သူမဟာ အရင်ကလို ပရိသတ်ကို မစွဲဆောင်နိုင်တော့မှာကိုတော့ စိတ်အနည်းငယ် ပူနေသလိုပါပဲ။ အသားအရေကို အစဉ်တစ်စိုက် ထိန်းသိမ်းလာတဲ့ သူမက အရင်တုန်းကလို မလှတော့မှာ စိတ်ပူနေပါသတဲ့..။
 
အလှကုန်ပစ္စည်းကြော်ငြာရိုက်ကွင်းက Myanmar Celebrity နဲ့ အင်တာဗျူးမှာ ဖြေကြားသွားတာလေးကို ကြည့်ကြရအောင်ပါ..။ သူ့ကို ချစ်ခင်နေဆဲ ပရိသတ်တွေရှိရင် အားပေးသွားကြပါဦးနော်..။
 


Follow us on