1. Home
  2. Myanmar News

YBS ယာဉ်လိုင်းအမှတ် (၁၄) ခရီးစဉ်လမ်းကြောင်း ပြောင်းလဲပြေးဆွဲ

Myanmar News ม.ค. 31, 2560 view 1,700
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း) ဘုရင့်နောင်လမ်းဆုံမှ အလုံမြို့နယ် သခင်မြပန်းခြံသို့ ပြေးဆွဲနေသော  YBS ယာဉ်လိုင်း အမှတ် (၁၄)၏ မူလပြေးဆွဲနေသော လမ်းကြောင်းတစ်လျောက်ရှိ မှတ်တိုင်အချို့ကို ဖျက်သိမ်းလိုက်ကြောင်း YBS ယာဉ်မောင်းများထံမှ သတင်းရရှိသည်။
 
မူလပြေးဆွဲနေသော YBS ယာဉ်လိုင်းအမှတ် (၁၄) လမ်းကြောင်းရှိ တာမွေအဝိုင်းအပါအဝင် မှတ်တိုင် (၈)ခုလောက်ကို လှည့်လည်ပြေးဆွဲတော့မည် မဟုတ်ကြောင်း သိရှိရသည်။ ယခုအသစ်ပြေးဆွဲမည့် လမ်းကြောင်းများမှာ ဒဂုံမြို့သစ်(မြောက်ပိုင်း) ဘုရင့်နောင်လမ်းဆုံမှ ပင်လုံလမ်း၊ ရတနာလမ်း၊ မိုးကောင်းလမ်း၊ မှတ်တမ်းရုံး၊ အဝိုင်းလေး၊ ကြားမှတ်တိုင်၊  ရန်ရှင်းလမ်း၊ စက်မှု(၁)လမ်း၊ ကုက္ကိုင်း၊ သခင်မြပန်းခြံသို့ ပြောင်းလဲ ပြေးဆွဲသွားမည်ဖြစ်ပြီး (ကုလားဈေး၊ လမ်းဆုံ၊ ကျောင်း၊ တာမွေအဝိုင်းထိပ်၊ မြလမ်း၊ လမ်းဆုံ၊ မင်းလမ်း၊ ဈေးကွေ့) စသော မှတ်တိုင်(၈)ခုကို ပြေးဆွဲတော့မည်မဟုတ်ကြောင်း သိရှိရသည်။
 
Source:မြစ်မခမီဒီယာ
 


Follow us on