1. Home
  2. Myanmar News

မော်တော်ယာဉ် တင်သွင်းခွင့် ပါမစ်ငါးသိန်းကျော် ထုတ်ပေး

Myanmar News ม.ค. 31, 2560 view 1,466

-  မော်တော်ယာဉ် တင်သွင်း ခြင်းနှင့် သက်ဆိုင်သော လုပ်ငန်း များ ကြီးကြပ်ရေး ကော်မတီ၏ ၂၀၁၇ တွင် ပထမဆုံးပြုလုပ်သည့် အစည်းအဝေး၌ အရောင်းစင် တာမှ ဝယ်ယူခြင်း၊ ပို့ကုန်၊ သွင်း ကုန်ကုမ္ပဏီ၊ သင်္ဘောသား၊ နိုင်ငံ ခြားရေးဝန်ထမ်းများ၊ လူပုဂ္ဂိုလ် တစ်ဦးချင်းစီ တင်သွင်းမှု စုစု ပေါင်း မော်တော်ယာဉ် ၃၅၀,၈၅၂စီး တင်သွင်းထားပြီးဖြစ်ကာ စုစု ပေါင်း မော်တော်ယာဉ် ပါမစ် ၅၇၉,၄၂၂ စီး ထုတ်ပေးထားပြီဟု ထုတ်ပြန်ခဲ့သည်။

-  မော်တော်ယာဉ် တင်သွင်း ခွင့်မှာ ငါးနှစ်အတွင်း ၂၀၁၂၊ ၂၀၁၃ များတွင် အရေအတွက်အ များဆုံး တင်သွင်းနိုင်ခဲ့ပြီး နိုင်ငံ သားတိုင်း မှတ်ပုံတင်ရှိသူများမှာ တစ်ဦးချင်း ဖရီးပါမစ်ဖြင့် တင် သွင်းခွင့်ရှိသည်ဟု မူဝါဒပြောင်း လဲပြီးနောက် တင်သွင်းသူ အရေ အတွက် အများဆုံးဖြစ်ခဲ့ကြောင်း မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီး ကြပ်ရေး ကော်မတီ စာရင်းများ တွင် ဖော်ပြထားသည်။ နောက်ပိုင်းတွင် ကားအ ရောင်းစင်တာများကို စည်းကမ်း တင်းကျပ်ခြင်း၊ အဆင့် ခွဲခြား သတ်မှတ်ခြင်းတို့ကြောင့် အရောင်းစင်တာများမှ တင်သွင်းသူ အရေအတွက် လျော့ကျလာခြင်း များရှိကြောင်း သိရသည်။ မော်တော်ယာဉ် မူဝါဒအပြောင်းအလဲ ကြီးမားခဲ့သည့် ၂၀၁၅ နှင့် ၂၀၁၆ တွင်လည်း တင်သွင်းသူအရေအတွက် လျော့နည်းခဲ့သည်။ 

-  အကြီးမားဆုံး မူဝါဒ အ ပြောင်းအလဲဖြစ်ခဲ့သည့် ၂၀၁၇ တွင်လည်း ကားတင်သွင်းရန် မော်ဒယ်သတ်မှတ်ချက် ပြောင်း လဲ၍ ၂၀၁၇ အတွင်း ကားတင် သွင်းမှုအရေအတွက် လျော့နည်း လာနိုင်ကြောင်း မော်တော်ယာဉ် တင်သွင်းရောင်းချသူများက သုံး သပ်ထားသည်။

Credit : 7daydaily



Follow us on