1. Home
  2. Movie Stars - Celebrity

ဆုရရှိခဲ့ တဲ့ ၀တ်စုံရဲ့ အလေးချိန်ကို ပြောခဲ့ တဲ့ ထက်ထက်ထွန်း

Movie Stars - Celebrity ม.ค. 31, 2560 view 1,537

ဇန်နဝါရီ ၂၉ ရက်နေ့က ကျင်းပခဲ့တဲ့ မယ်စကြာဝဠာပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်တဲ့ ထက်ထက်ထွန်းက အကောင်းဆုံး အမျိုးသားဝတ်စုံဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

သရုပ်ပြတင်ဆက်မှု မတိုင်ခင် အစီအစဉ်တင်ဆက်သူဟာ မိတ်ဆက်ပေးချိန်မှာ “ဒါဟာ မြန်မာရုပ်သေးတိုင်သစ်ပင်ပုံစံပါ။ ရှင်တို့မြင်တဲ့အတိုင်းပဲ၊ ဒါဟာ လေးလံပုံရတယ် မဟုတ်လား” “တကယ့်ကို လေးတာပေါ့ရှင်။ ကျမ ဒီဝတ်စုံကို ခုပဲ အမြန်ဆုံး လွှတ်ချလိုက်ချင်တာပဲ။ အလေးချိန်ဟာ ၄၀ ကီလိုဂရမ်လောက် ရှိပါတယ်ရှင်” လို့ သူက ဖြေလိုက်ချိန်မှာ ပရိသတ်တွေက အားပေးသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။

မြန်မာရုပ်သေးဝတ်စုံနဲ့ ကပြ သရုပ်ဖော်တင်ဆက်ချိန်မှာလဲ သဘောကြ နှစ်သက်ကြပါတယ်။ ၂၀၁၆ ခုနှစ်အတွက် မယ်စကြာဝဠာပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပခဲ့တာဖြစ်ပြီး မယ်စ ကြာဝဠာအလှမယ်ဆုကို ပြင်သစ်နိုင်ငံသူ အိုင်းရစ်စ် မစ်တဲန်နေးက ရရှိခဲ့ပြီး ဟေတီအလှ မယ် ရာကွဲလ် ပဲလစ်ဆီရာနဲ့ ကိုလံဘီယာအလှမယ် အဲန်ဒရေယာ တိုဗာတို့က First Runner-up နဲ့ Second Runner-up ဆုတွေ အသီးသီးရရှိခဲ့ကြတာ ဖြစ်ပါတယ်။

Credit:DVB



Follow us on