1. Home
  2. Myanmar News

စီစီတီဗီတပ်ဆင်မှုကို YBS ဘတ်စ်ကားလိုင်း မော်တော်ယာဉ်အသစ်များတွင်သာ ပြုလုပ်မည်

Myanmar News ม.ค. 31, 2560 view 1,475
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော YBS ဘတ်စ်ကားလိုင်းများတွင် စီစီတီဗီ တပ်ဆင်မှုကို လက်ရှိပြေးဆွဲလျှက်ရှိသော မော်တော်ယာဉ်များတွင် တပ်ဆင်မည်မဟုတ်ပဲ မော်တော်ယာဉ်အသစ်များတွင်သာ တပ်ဆင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့အစည်းမှ သတင်းရရှိသည်။
 
YBS ဘတ်စ်ကားလိုင်းများတွင် စီစီတီဗီအပြင် ဂျီပီအက်စနစ်ကိုပါ တပ်ဆင်ရန်ရှိပြီး ပထမဦးစားပေးအနေနဲ့ မြို့တွင်းယာဉ်လိုင်း (၆၀)တွင် ဂျီပီအက်စ်စနစ် စတင်တပ်ဆင်မည်ဖြစ်ပြီး နှစ်လအတွင်း အပြီးတပ်ဆင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
လာမည့် ၂၀၁၇ ခုနှစ် မတ်လတွင် စီစီတီဗီ၊ ဂျီပီအက်စ်နှင့် ငွေပေးချေစက်များ တပ်ဆင်ထားသည့် စီးတီဘတ်စ် အစီးရေ (၁,၀၀၀) ထပ်မံရောက်ရှိလာမည်ဖြစ်ပြီး မော်တော်ယာဉ်အစီးရေ နည်းနေသည့် ယာဉ်လိုင်းများတွင် ဖြည့်စွက်တိုးချဲ့ ပြေးဆွဲသွာမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 
Source:မြစ်မခမီဒီယာ
 


Follow us on