1. Home
  2. Special or Others

ဂီတကိုမခံစားတတ်လျှင်

Special or Others ม.ค. 31, 2560 view 1,534

သင်ဟာ ဂီတတွေ သီချင်းတွေကို လုံးဝမခံစားတတ်သူဆိုပါက သင့်ရဲ့ ဦးနှောက်မှာ တစ်စုံတစ်ခု မှားယွင်းနေလို့ ဖြစ်နိုင် ကြောင်း သိပ္ပံပညာရှင်တွေက သက်သေပြခဲ့ပါတယ်။ ဒါပေမယ့် သီချင်းနဲ့ဂီတတို့ကို မခံစားတတ်သူဟာ အရေအတွက်အားဖြင့် အလွန်နည်းပါတယ်လို့လည်း ဆိုပါတယ်။ နည်းပါးတဲ့အရေအတွက်ထဲမှာ သင်လည်း အပါအ၀င် ဖြစ်သွားနိုင်ပါတယ်။ သိပ္ပံပညာရှင်များရဲ့ အဆိုအရ ဂီတသီချင်းတို့ကို မနှစ်သက်သူတွေဟာ ဦးနှောက်အချင်းချင်း (ဘယ်ခြမ်း/ညာခြမ်း) ဆက်သွယ်မှု လျော့ကျနေလို့ ဖြစ်ပြီး၊ ဂီတဖြစ်စဉ်အပေါ်မှာ တုန့်ပြန်မှုအလွန်နှေးကွေးသွားစေတယ်လို့ ဆိုထားပါတယ်။

ဂီတသီးချင်းကို နှစ်သက်မှုနည်းပါးသူတွေဟာ Anhedonia လို့ခေါ်တဲ့ သီချင်းနဲ့ဆိုင်တဲ့ ဦးနှောက်အပိုင်းဟာ အခြားဦးနှောက်အစိတ်အပိုင်းတွေနဲ့ ဆက်သွယ်မှု ကျဆင်းနေခြင်းကြောင့် ဒီလို ခံစားမှု ဖြစ်စေတာလို့ ဆိုထားပါတယ်။ ကမ္ဘာ့လူဦးရေနဲ့ဆိုရင် သီချင်းမကြိုက်သူ နားထောင်လေ့မရှိသူ အရေအတွက်ဟာ 3 %မှ 5 % အထိ ရှိနိုင်တယ်လို့ သိရပါတယ်။ ဒီလေ့လာမှုကို ကနေဒါနိုင်ငံ McGill University က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Credit : shwemom



Follow us on