1. Home
  2. Myanmar News

ဈေးရောင်းမကောင်းတဲ့ ဈေးသည်တွေကို နှစ်သိမ့်ပေးတတ်တဲ့ ပဲခူးတိုင်းဝန်ကြီးဦးဝင်းသိန်း

Myanmar News ม.ค. 31, 2560 view 1,462
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဈေးဟောင်းမှ ဈေးသစ်သို့ ပြောင်းရွေ့မှု အဆင်ပြေခြင်းရှိမရှိကို ပဲခူးတိုင်းဝန်ကြီး ဦးဝင်းသိန်း သွားရောက် စစ်ဆေးကြည့်ရှုခဲ့ပြီး ဈေးသည်များက သူတို့၏ အခက်အခဲများကို တင်ပြရာတွင် ဝန်ကြီးကပြန်လည် ပြောကြားခဲ့သည့် နှစ်သိမ့် စကားများကို ဦးထွန်းဝေ ဆိုသည့် မြို့ခံပြည်သူတစ်ဦးက သတင်းထောက်၏ မေးမြန်းမှုတွင် ပြန်လည် ဖြေကြားခဲ့ပါတယ်။
 
သူဖြေကြားခဲ့သည့် စကားများအတွက် သူတာဝန်ယူကြောင်းနှင့် မဟုတ်မှန်ပါက အချိန်မရွေး ထောင်ထဲထည့်နိုင်ကြောင်း အာမခံပြောကြားခဲ့ပါတယ်။ ပဲခူးတိုင်းဝန်ကြီး ဦးဝင်းသိန်း ဈေးသည်များကို ပြန်လည်နှစ်သိမ့်ခဲ့သော စကားအချို့မှာ-
 
- ငါးစိမ်းသည်အား “ရောင်းမကုန်လို့ ပုစွန်တွေ ကျန်နေရင် ပုစွန်ခြောက်လှမ်းလိုက်ပါ”
 
- ကုန်ခြောက်သည်အား “ဈေးရောင်မကောင်းရင် အိပ်နေ၊ အားမွေးနေပါ”
 
- ကုန်စိမ်းသည်အား “ဈေးရောင်မကောင်းရင် အတင်းပြောနေပါ၊ သန်းရှာနေပါ”
 
စတဲ့ စကားများနှင့် ဈေးဟောင်းမှ ဈေးသစ်သို့ ပြောင်းလာရ၍ အရောင်းအဝယ်ပါးနေသော ဈေးသည်များအား နှစ်သိမ့်ခဲ့ကြောင်း သိရှိရသည်။
 
 
VideoCredit:Facebook online


Follow us on