1. Home
  2. Myanmar News

မသန်မစွမ်းလူငယ်တစ်ဦးကို လူ(၇ ဦး)မှ ဝိုင်းဝန်းရိုက်မှု အင်းစိန်ရဲစခန်းမှ အဖြစ်မှန်ထိန်ချန်ကာ အရေးမယူသည့်အတွက် မသန်မစွမ်းအသင်းချုပ်မှသတင်းစာရှင်းလင်းပွဲလုပ်ကာ အသိပေးမည်

Myanmar News ก.พ. 01, 2560 view 1,572
အင်းစိန် ဖော့ကန်ဈေးအတွင်း လက်တစ်ဖက်မသန်မစွမ်းနှင့် ထီလက်မှတ်ရောင်းချကာ မိဘအား လုပ်ကိုင်ကျွေးမွေးနေသူ မောင်ရဲရင့်နိုင်အား ဇန်နဝါရီလ ၁၆ ရက် ည ၉ နာရီအချိန်ခန့်က ၎င်းဈေးအတွင်းမှ သစ်သီးရောင်းချသူ မောင်ဇေယျာမျိုးနှင့် အပေါင်းအပါလူ(၇ ဦး)မှ ဝိုင်းဝန်းရိုက်နှက်သဖြင့် အင်းစိန်ပြည်သူ့ဆေးရုံသို့ အတွင်းလူနာအဖြစ် ပို့ဆောင် ကုသခဲ့ရသည်။ 
 
ရိုက်နှင်ခံထာရသည့် ဒဏ်ရာကြောင့် လက်အပိုင်းပိုင်းကျိုးကာ ဦးခေါင်းဒဏ်ရာ (၆ ချက်) ချုပ်ခဲ့ရခြင်းဖြစ်သည်။
အဆိုပါ ရိုက်နှက်ခံရမှုအား အင်စိန်မြို့မရဲစခန်းသို့ တိုင်ကြားခဲ့ရာ ရဲမှတ်တမ်း၌ မှုခင်းဖြစ်စဉ်အမှန်ကို ထိန်ချန်၍ ကားဖြင့်တိုက်မိ၍ မြောင်းထဲပြုတ်ကျသော ဒဏ်ရာများဖြစ်ကြောင်း မဟုတ်မမှန် မှတ်တမ်းတင်ခဲ့ပြီးနောက် တရားခံများအား ဖမ်းဆီးစစ်ဆေးခြင်းများ မရှိခဲ့ကြောင်း သိရှိရသည်။
 
 
 
မောင်ရဲရင့်နိုင်၏ ဝဲဘက်လက်တစ်ဖက်မှာ မွေးရာပါ မသန်စွမ်းသူဖြစ်ပြီး မိခင်ဖြစ်သူ ဒေါ်ယဉ်ယဉ်နွယ်အား ထီက်မှတ်ရောင်းချခြင်းဖြင့် လုပ်ကိုင်ရှာဖွေကျွေးမွေးနေသူ ဖြစ်ကြောင်းသိရသည်။ အထက်ပါအတိုင်း အင်စိန်မြို့မရဲစခန်း၏ တာဝန်ပျက်ကွက်ခဲ့မှုကို မီဒီယာအား အသိပေးရန် မြန်မာနိုင်ငံမသန်မစွမ်းအဖွဲ့ချုပ်ကြီးမှ စီစဉ်သည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဖေဖော်ဝါရီ ၂ ရက်(မနက်ဖန်) နံနက် ၁၀ နာရီအချိန်တွင် အင်းစိန်(ခဝဲခြံ) မျက်မမြင်ကျောင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ကြေညာချက်တစ်ဆောင် ထုတ်ဝေခဲ့ကြောင်း သတင်းရရှိသည်။
 
source:Phyo Wai Win၊ တံမြက်စည်း၊ zin moe


Follow us on