1. Home
  2. Myanmar News

ဖခင်အား ပေါက်ပြားဖြင့် ရိုက်သတ်ခဲ့သည့် အငယ်ဆုံးသား

Myanmar News ก.พ. 01, 2560 view 1,661
အောင်ပန်းမြို့၊ မြို့အောင်းရပ်ကွပ် ကံသာနယ်မြေ (၆)တွင် နေထိုင်သူ ဦးကျော်အေး(ခ)ဦးမျိုးမြင့်အား ဇန်နဝါရီလ ၃၁ ရက်နေ့ ညနေပိုင်းတွင် အငယ်ဆုံးသားဖြစ်သူမှ သစ်သားရိုးတပ်ထားသည့် အသွား ၆ လက္မခန့်ရှိသော ပေါက်ပြားဖြင့် ရိုက်သတ်ခဲ့ကြောင်း သတင်းရရှိသည်။
 
ခြံတစ်ဝန်းထဲ အတူနေထိုင်သော သမီးဖြစ်သူ မဆုမွန်ဖြိုး အလုပ်ကပြန်လာချိန် ညနေ ၅ နာရီခွဲ့ခန့်အချိန်တွင် ဖခင်ဖြစ်သူ၏ နေအိမ်မှာ အိမ်တံခါးပိတ်ထားခြင်းမရှိပဲ မှောင်မဲနေသဖြင့် အိမ်အတွင်းသို့ ဝင်ရောက်ကြည့်ခဲ့ရာ နေအိမ်ဝင်ပေါက် ညာဘက်ဘေးရှိ ဆန်အိတ်ကိုမှီလျက် သွေးအိုင်ထဲလဲ၍ သေဆုံးနေသော ဖခင်ဖြစ်သူကို တွေ့ရှိခဲ့ရသဖြင့် ရပ်ကွက်လူကြီးများထံ အကြောင်းကြားတိုင်ကြားခဲ့သည်။ 
 
ရပ်ကွက်လူကြီးများရောက်ရှိလာပြီး သေဆုံးရသည့် အကြောင်းကို စုံစမ်းရာ မောင်အငယ်ဆုံးဖြစ်သူ ထက်ဝေအောင်(ခ)ဖိုးသားမှ ၎င်းကိုယ်တိုင် အရှည်(၂)ပေခန့်ရှိ သစ်သားရိုးတပ်ထားသည့် အသွား(၆)လက်မခန့်ရှိ ပေါက်ပြားနှင့်ထုသတ်လိုက်ကြောင်းပြောပြခဲ့သဖြင့် ထက်ဝေအောင်(ခ)ဖိုးသားအား ဥပဒေအရ အရေးယူပေးပါရန် မဆုမွန်ဖြိုးမှ အောင်ပန်းမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့သည့်အတွက် အောင်ပန်းမြို့မရဲစခန်းမှ (ပ)၁၆/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂ဖြင့်အမှုဖြင့်အရေးယူ စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။
 
source:ကျော်သက်ထွေး


Follow us on