1. Home
  2. Movie Stars - Celebrity

ဒုတိယအခွေပြင်ဆင်နေတဲ့ ပိုပိုဟေသာ

Movie Stars - Celebrity ก.พ. 01, 2560 view 1,678

တေးရေး ဇ၀ါရဲ့ သမီးဖြစ်တဲ့ ပိုပိုဟေသာ ဟာ ချစ်တဲ့စိတ် သီချင်းနဲ့ ပရိတ်သတ်အခိုင်အမာရရှိခဲ့ သူလေးလဲ ဖြစ်ပါတယ်။ ပထမ အခွေထွက်တုန်းကလဲ ပရိတ်သတ် တွေကြိုက်ကြတဲ့ အတွက်ဝမ်းသာပါတယ် ။ အကောင်းဆုံးကြိုးစားပြီးလဲ သီဆိုထားပါတယ်။

ဒုတိယ အခွေကိုသေချာလေး ပြင်ဆင်နေပါတယ်။ သီချင်း သုံးလေးပုဒ်လောက်တော့ ရသွားပါပြီလို့ ပြောထားပါတယ် ။ပိုပို သီဆိုတဲ့ သီချင်းတွေ တော်တော်များများကို အဖေ တေးရေး ဇ၀ါက အများဆုံး ရေးသားထားပြီး အခြားတေးရေးတွေ ရေးပေးတဲ့ သီချင်းတွေလဲ ရှိပါတယ်။

သီချင်းတိုင်းမှာ ကိုယ်လိုချင်တဲ့ mood တွေပါနေတဲ့ အတွက် အဖေ ရေးပေးတာ တခြားလူရေးပေးတာ ဆိုပြီး ကွာခြားမှုတော့ မရှိပါဘူး သီချင်းတိုင်းကတော့ သူ့ အပုဒ်နဲ့ သူ ကွာခြားနေပါတယ်လို့ ပြောသွားခဲ့ ပါတယ်။

Credit:Oasis



Follow us on