ဦးကိုနီအား လုပ်ကြံသတ်ဖြတ်မှုမှ ကွင်းဆက်တရားခံဖြစ်သူ မြင့်ဆွေကို မြ၀တီတွင် ဖမ်းဆီးရမိထားကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ “ဟုတ်ပါတယ်။ မြ၀တီမှာ မိတာပါ။ လက်ရှိ အဲဒီမှာပဲ ချုပ်ထားတယ်။ ရန်ကုန်ကို ဒီနေ့(ဖေဖော်ဝါရီ ၁)မှာ လွှဲမယ်”ဟု ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ကံဝင်းက အတည်ပြုပြောကြားသည်။
လက်ရှိတွင် မြ၀တီ၌ CID က စစ်ဆေးလျက်ရှိကြောင်း မြ၀တီမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတဦးက ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ပြောကြားသည်။
Credit : news watch