1. Home
  2. Special or Others

သတိကြီးလွန်း၍ သေကံမရောက်ခဲ့တဲ့ ဘတ်စ်ကားစီးခရီးသည်

Special or Others ก.พ. 01, 2560 view 1,550
အသက်(၈၂ နှစ်) အရွယ် အဖိုးတစ်ဦးမောင်းနှင်လာသော ထရပ်ကားမှာ အရှိန်မထိန်းနိုင်ပဲ ခရီးသည်များပါတဲ့ ဘတ်စ်ကားတစ်စီးကို ခါးလယ်မှ ဖြတ်တိုက်မိတဲ့အတွက် ခရီးသည်များမှာ ဒဏ်ရာများရရှိခဲ့ပါတယ်။ အဆိုပါခရီးသည်များထဲတွင် သတိကြီးလွန်း၍ သေကံမရောက်ခဲ့သူ ခရီးသည်လည်း တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။
 
အမေရိကန်နိုင်ငံတွင် ဇန်နဝါရီ ၁၉ ရက်နေ့က အသက်(၈၂ နှစ်)အရွယ်အမျိုးသား နီးလ်ဘရောင်နယ် မောင်းနှင်လာသော ထရပ်ကားမှာ အရှိန်ကောင်းကောင်းနှင့် အဝေးပြေးလမ်းမပေါ်တွင် မောင်းနှင်နေစဉ် ရုတ်တရက် ယာဉ်ကြောပိတ်ဆို့မှုနှင့် ကြုံတွေ့ခဲ့ပြီး အရှိန်မထိမ်းသိမ်းနိုင်ဖြစ်ကာ ရှေ့တွင်ရပ်နေသော ကားများကို ရှောင်လိုက်ရာမှ လမ်းတစ်ဖက်သို့ အရှိန်ပြင်းစွာ ဖြတ်ထွက်သွားပြီး ရပ်ထားသော ခရီးသည်တင် ဘတ်စ်ကားကို ထရပ်ကားဦးခေါင်းပိုင်း ဘတ်စ်ကားထဲသို့ ကျွံဝင်သွားတဲ့ထိ ခါးလယ်မှ အရှိန်ပြင်းစွာ ဖြတ်တိုက်ခဲ့ခြင်းဖြစ်ပါတယ်။ 
 
နောက်ကျောပေးထိုင်နေသော ခရီးသည်တစ်ဦးမှာ အလွန်သတ်ကြီးလှသည့်အတွက် အသက်ဘေးမှ လွတ်ခဲ့ရပြီး အသေးစားဒဏ်ရာများသာ ရရှိခဲ့သည်။ ကားဝင်ရောက်တိုက်ခဲ့မှုကို မှတ်တမ်းတင်မိထားသော နေရာအစုံမှ စီစီတီဗီပုံရိပ်များက ကြက်သီးထစရာ ကောင်းလွန်းလှသည်။
 


Follow us on