1. Home
  2. Myanmar News

အမှိုက်ကားတန်ဖိုး ကွာဟမှု တင်သွင်းခွင့်ရကုမ္ပဏီကို စည်ပင်က ပြန်လည်စစ်ဆေးမည်

Myanmar News ก.พ. 02, 2560 view 1,598

ပြီးခဲ့သည့်ရက်က ရန် ကုန်မြို့သို့ ရောက်ရှိလာသော ခေတ် မီအမှိုက်ကားများ၏ တန်ဖိုးသည် မူရင်းဈေးနှင့် ကွာဟနေသည်ဟု ဝေဖန်မှုများကြောင့် အမှိုက်ကားများ တင်သွင်းခွင့်ရကုမ္ပဏီကို ပြန် လည်စစ်ဆေးမှုများ ပြုလုပ်ရန် ကားတန်ဖိုး အထောက်အထား များ တောင်းခံထားကြောင်း ရန် ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ပြောသည်။

‘‘ကုမ္ပဏီကို စာရွက်စာတမ်း အထောက်အထားတွေ တောင်း ထားတယ်။ တင်သွင်းလာတဲ့ တန်ဖိုးကွဲလွဲမှု ရှိ၊ မရှိ ပြန်စစ်မယ်။ တန်ဖိုးတွေကွဲလွဲပြီး တင်သွင်းလာရင်တော့ ကုမ္ပဏီကို Black List (အမည်ပျက်) ထည့်မယ်’’ဟု ဒေါ်လှိုင်မော်ဦးက 7Day Daily အား ပြောသည်။

အမှိုက်ကားတန်ဖိုးများ မှန် ကန်စွာ တင်သွင်းလာခြင်း စစ် ဆေး တွေ့ရှိပါက ကုမ္ပဏီက ၎င်းတို့အား စွပ်စွဲပြောဆိုသူများကို တရားစွဲဆိုရန် ပြင်ဆင်ထားကြောင်း ဒေါ်လှိုင်မော်ဦးက ဆိုသည်။ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီသည် ရန် ကုန်အတွက် အမှိုက်ကားများ တင်သွင်းခွင့်ကို တင်ဒါ ခေါ်ယူခဲ့ရာ အောင်ကမ္ဘာကုမ္ပဏီက တင်သွင်း ရရှိခဲ့သည်။ အမှိုက်ကားများ၏ ဓာတ်ပုံ နှင့်အတူ မြန်မာနိုင်ငံသို့ တင်သွင်း လာသည့် တန်ဖိုးသည် မူရင်းနိုင်ငံ နှင့် ကွာဟနေကြောင်း လူမှုကွန် ရက် စာမျက်နှာတွင် ပျံ့နှံ့မှုအချို့ ရှိခဲ့သည်။ ထို့ကြောင့် ကုမ္ပဏီက ၎င်းတို့၏ ဂုဏ်သိက္ခာ ညှိုးနွမ်းစေမှုဖြင့် ပြန်လည်ချေပရန် ပြင် ဆင်ထားကြောင်း သိရ သည်။

ရန်ကုန်မြို့တွင် အချိန်တိုအ တွင်း သန့်ရှင်းရေးပြုလုပ်နိုင်သည့် အဆင့်မြင့် အမှိုက်သိမ်းယာဉ် ၁၁၄ စီးကို မှာယူထားရာ ပထမ အသုတ်ရောက်လာသည့် ၄၂ စီးကို ဇန်နဝါရီ ၂၇ ရက်က မိတ်ဆက်ခဲ့သည်။ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အ တွင်း ကျပ်သန်းပေါင်း ၆၀၀ တန် ဖိုးရှိ အမှိုက်ကားများ ဝယ်ယူရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ပုဂ္ဂလိက ကုမ္ပဏီများကို ၂၀၁၆ အောက် တိုဘာက တင်ဒါခေါ်ယူခဲ့သည်။ ပထမအသုတ်အဖြစ် ဂျာမနီ နှင့် ကိုရီးယားနိုင်ငံမှ ရောက်ရှိ လာသည့် အမှိုက်သိမ်းယာဉ် ၄၂ စီးသည် လူအင်အားဖြင့် ပြုလုပ်ရ သောနေရာများတွင် အချိန်တိုဖြင့် လုပ်ဆောင်နိုင်သော နည်းပညာ မြင့် ကားများဖြစ်ပြီး အလိုအ လျောက် တံမြက်စည်းလှည်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ နှင်းခွဲ ခြင်း၊ မြက်ရိက်ခြင်းနှင့် ရေဖျန်းခြင်းများ ပြုလုပ်နိုင်သည်။

Credit : 7daydaily

photo : 7daydaily



Follow us on