1. Home
  2. Special or Others

သမီးမိန်းကလေး မွေးဖွားသူများဟာ ဆွဲဆောင်မှုရှိသူများ ဖြစ်ကြောင်းလေ့လာတွေ့ရှိ

Special or Others ก.พ. 02, 2560 view 1,918
မိဘတွေက သူတို့ရဲ့ အကျိုးဖြစ်စေတဲ့ မျိုးရိုးဗီဇအများစုကို သားသမီးတွေကို လက်ဆင့်ကမ်းလေ့ရှိပြီး ခန္ဓာကိုယ်အလှအပဆိုင်ရာတွေကတော့ အမျိုးသားများထက် အမျိုးသမီးများအဖို့ ပိုအကျိုးဖြစ်ပါတယ်။ ရုပ်ချောတဲ့ မိခင်တစ်ဦးက သူ့ပင်ကို လက္ခဏာများကို သမီးတွေဆီ လက်ဆင့်ကမ်းပေးအပ်ပါတယ်။ အလားတူ ရုပ်မချောပေမယ့် ကြံ့ခိုင်ဖျတ်လတ်သော စုံတွဲများက သူတို့ရဲ့ ဉာဉ်နဲ့ရန်လိုတဲ့ လက္ခဏာများကို သားတွေဆီ လက်ဆင့်ကမ်းပါတယ်။
 
London School of Economics မှ စိတ်ပညာရှင် Dr. Satoshi Kanazawa ဖွင့်ဟချက်အရ ဆွဲဆောင်မှုရှိတဲ့ အမျိုးသားများ တဖြည်းဖြည်း ပျောက်ကွယ်လုနီးနီးဖြစ်နေပါပြီတဲ့။ ဒါဟာ နှစ်ပေါင်း ၅၃နှစ်ကျော်ကြာ သုတေသနပြုချက်အရဖြစ်ပြီး ရုပ်ရည်ချောမောသူတွေဟာ သမီးမိန်းကလေး မွေးဖွားဖို့ အလားအလာ ပိုများတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ကမ္ဘာမှာ အမျိုးသမီးဦးရေ များလာတာနဲ့အမျှ သူတို့ရဲ့ ဆွဲဆောင်မှုရှိခြင်း မျိုးရိုးဗီဇကို သားရင်သွေးများထံ ကူးပြောင်းနိုင်ခြေ လျော့နည်းသွားတယ်လို့ သိရပါတယ်။
 
Kanazawa ရဲ့ ပြောဆိုချက်က အငြင်းပွားစရာ အချို့ဖြစ်စေခဲ့ပေမယ့် သူ့ရှာဖွေတွေ့ရှိချက်တွေဟာ လုံးဝ မူရင်းအတိအကျ မဟုတ်သေးပါဘူး။ အမေရိကန်နိုင်ငံမှ လူအယောက် ၂,၀၀၀ အပေါ်လေ့လာရာမှာ အမျိုးသမီးများ ဆွဲဆောင်မှု ပိုပိုရှိလာအောင် အဆင့်ဆင့်ပြောင်းလဲလာတာ တွေ့ရပါတယ်။ ချစ်စရာကောင်းတဲ့ အမျိုးသမီးတွေမှာ သာမန်ရိုးရိုးလူများထက် ကလေးပိုရှိကြပြီး အများစုက သမီးတွေဖြစ်ကြတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် သူ့သုတေသနပြုချက်က ရုပ်ချောသူ အမျိုးသားဦးရေလျော့လာခြင်းအကြောင်းရင်းမှာ သမီးတွေကိုသာ အလှအပမျိုးရိုးဗီဇ ပိုလက်ဆင့်ကမ်းနိုင်တာကြောင့် ဖြစ်ပြီး သားတွေမှာ ဒီလိုအခွင့်အရေးရဖို့ လွန်စွာနည်းပါးသွားတာကြောင့်ပါတဲ့။
 
Credit : Trend Myanmar


Follow us on