ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနက ပြည်တွင်း၌ရောင်းချနေသည့် အလှကုန်ပစ္စည်းများကို စစ်ဆေးရင်း GARNIBOအမည်ရှိ Whiting Dispel Sport နှင့် တရုတ်ဘာသာဖြင့် ရေးထားသည့် QL(QIAN LI) Te Xiao Mei Qu Ban အလှကုန်ပစ္စည်း ၂မျိုးတွင် တားမြစ်ဓာတု ပစ္စည်း (မာကျူရီ) ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အများပြည်သူလူ ထုသုံးစွဲရန်မသင့်တော်ပါကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ် ။
အန္တရာယ် များတဲ့ အဆိပ်သင့် ဓာတုပစ္စည်းမာကျူရီ(ပြဒါး)ဟာ အရေပြားယား ယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက် များဖြစ်ခြင်း၊ အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများ အပြင် ရေရှည်သုံးစွဲပါကကျောက်ကပ် ပျက်စီးခြင်းနှင့် အခြားရောဂါ များ ဖြစ်ပွားနိုင်ကြောင်းလဲ သိရပါတယ် ။
အလှကုန်ပစ္စည်းတင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချသည့်ကုမ္ပဏီနှင့် လက်လီလက်ကား ဆိုင်များ သည် အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင် ထားခြင်းမရှိသော အများ ပြည်သူသုံး စွဲရန် မသင့်ကြောင်း ကြေညာထားသည့် အလှကုန်ပစ္စည်းများတင် သွင်း၊ ဖြန့်ဖြူး၊ ရောင်းချ ခြင်းများကို ကျင့်ဝတ် (Ethic) အရလုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ အစည်းကပြည်သူ့ကျန်းမာရေးဆိုင်ရာဥပဒေပုဒ်မ ၃၊ အပိုဒ်(၃)(ဃ)အရ အရေး ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။
Credit:Myanmar News