1. Home
  2. Movie Stars - Celebrity

မြန်မာပြည်သိန်းတန်ရဲ့ နောက်ပြောင်ကျီစယ်မှုကြောင့် နေရထိုင်ရ ခက်သွားခဲ့သူ နှစ်ဦး

Movie Stars - Celebrity ก.พ. 03, 2560 view 1,701
ဖေဖော်ဝါရီ ၂ ရက်နေ့ညမှာ တိုက်ရိုက်ထုတ်လွှင့် တင်ဆက်သွားခဲ့တဲ့ Myanmar Idol Season 2 Top (9) သီဆိုယှဉ်ပြိုင်မှု၏ နောက်ဆုံး အစီအစဉ်မှာ အကဲဖြတ်ဒိုင်လူကြီးမင်း တစ်ဦးဖြစ်သူ မြန်မာပြည်သိန်းတန်ရဲ့ မျှော်လင့်မထားတဲ့ နောက်ပြောင် ကျီစယ်မှုကြောင့် ပရိဿတ်များအားလုံး အံ့သြနဘန်း ဖြစ်ခဲ့ကြရပါတယ်။
 
ဘီလီလမင်းအေးတစ်ယောက် စင်ပေါ်မှာ ရှက်ပြုံတွေဖြာနေတဲ့အချိန်မှာတော့ ကျော်ထက်အောင် တစ်ယောက်လဲ ပြာပြာသလဲနဲ့ စကားလမ်းကြောင်းလွှဲခဲ့တာကို မမျှော်လင့်ပဲ တွေ့မြင်ခဲ့ရပါတယ်။ ဘီလီလမင်းအေးဟာ Myanmar Idol Season (2) ရဲ့ Winner တစ်ယောက်ဖြစ်ဖို့ အရမ်းကို နီးကပ်နေတဲ့ ပြိုင်ပွဲဝင်တစ်ဦးဆိုရင်လဲ မမှားပါဘူး။ စင်ပေါ်မှာ ဖျော်ဖြေသွားတဲ့ သူမရဲ့ သီဆိုဟန်ဟာ တစ်ကယ့်ကို ပရော်ဖက်ရှင်နယ် တစ်ယောက်လို စွဲဆောင်မှု အားကောင်းနေတဲ့ ယှဉ်ပြိုင်သူတစ်ဦးဖြစ်ပါတယ်။
 
ကျော်ထက်အောင် အနေနဲ့ သူ့ရဲ့ချစ်သူဟာ အနုပညာလောကထဲက မဟုတ်ပဲ အင်ဂျင်နီယာတစ်ယောက်လို့ မကြာခင်က ဖွင့်ဟဝန်ခံထားသူ ဖြစ်ပါတယ်။ ဒါပေမယ့် ထင်မှတ်မထားပဲ ဦးသိန်းတန်ရဲ့ နောက်ပြောင် ကျည်စယ်မှုဟာ သူတို့နှစ်ဦးစလုံးကို စင်ပေါ်မှာ အနေခက်စေခဲ့တာတော့ အမှန်ပဲဖြစ်ပါတယ်။
 
ဦးသိန်းတန်စကားတွေနဲ့ ပြောရမယ်ဆိုရင်တော့ မင်းဟာ ခေသူမဟုတ်တဲ့ ကြယ်ငါးပွင့်သင်္ဘောကြီးလို ရွှေရောင်တောက်ပတဲ့ အနာဂါတ်ဆီကို လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
 

 



Follow us on