1. Home
  2. Myanmar News

သင်္ကြန်ကာလ မန္တလေးမြို့တော်တွင်ရေကစားသူတွေ အနားယူဖို့နေရာ စီစဉ်

Myanmar News ก.พ. 03, 2560 view 1,431

သင်္ကြန်ကာလရေကစားသူတွေအနားယူဖို့၊ နိုင်ငံခြားသားတွေလာရောက်လေ့လာနိုင်ဖို့ နေရာတစ်ခုစီစဉ်ထားတယ် လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက သိရပါတယ်။ မန္တလေးကျုံးအနီးဝန်းကျင်နေရာဖြစ်တဲ့ ကုသိုလ်တော်ဘုရား နဲ့ အမျိုးသားဇာတ်ရုံမှာ အနားယူအပန်းဖြေဖို့အတွက်လျာထားတယ်လို့ သိရပါတယ်။

‘နေ့လယ်ခင်းနားတဲ့အချိန် မှာ နိုင်ငံခြားသားတွေလဲလေ့လာလို့ ရတဲ့နေရာတစ်ခု၊ သင်္ကြန်ကားတွေလဲ နားလို့ရတဲ့နေရာတစ်ခုကုသိုလ်တော် ဘုရားဖြစ်ချင်ဖြစ်မယ်၊ အမျိုးသားကဇာတ်ရုံ ဖြစ်ချင်ဖြစ်မယ်၊ လုပ်မယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် စာရေးဆရာ ဦးကျော်ရင်မြင့်က ပြောပါတယ်။

သင်္ကြန်ကာလအတွင်း သည်နေရာတွေမှာ မုန့်လုံးရေပေါ်၊ ရွှေရင်အေးစတဲ့ မြန်မာမှုမုန့်မျိုးစုံကို စတုဒိသာကျွေးမွေး ဖို့လည်းစီစဉ်ထားတယ်လို့ သိရပါတယ်။ စတုဒိသာကျွေးမွေးလိုတဲ့သူတွေကိုလည်းလာရောက်စာရင်းပေးနိုင်ကြောင်း မန္တလေးမြို့တော်စည်ပင်က ဖိတ်ခေါ်ထားပါတယ်။

Credit : kumudranews



Follow us on