1. Home
  2. Movie Stars - Celebrity

ချစ်သူများနေ့ အတွက် ချစ်သူမရှိတဲ့ ပရိတ်သတ်တွေကိုသီးသန့် ထုတ်လုပ်ပေးမယ့် မိန္ဒီရဲ့ My Boo တံဆိတ်

Movie Stars - Celebrity ก.พ. 03, 2560 view 1,505

မိစန္ဒီ ရဲ့ ကိုယ်ပိုင်စီးပွားရေး တခု ဖြစ်တဲ့ My Boo အမှတ်တံဆိတ်အ၀တ်အထည်တွေကို ထုတ်လုပ်ရောင်းချနေရာ ဒီတခေါက်မှာတော့ ချစ်သူမရှိတဲ့ ပရိတ်သတ်တွေအတွက် အစီအစဉ်တခုရှိတယ်ပြောထားပါတယ် ။ ထူးထူးခြားခြားဖြစ်အောင် ချစ်သူများနေ့မှာပဲ စီစဉ်ထားပါတယ်။

ချစ်သူများနေ့မှာ ချစ်သူမရှိတဲ့ ပရိသတ်များအတွက် My Boo အမှတ်တံဆိပ်များကို သီးသန့်ထုတ်ဝေသွားမှာ ဖြစ်ပါတယ်။ ဆယ်ကျော်သက်လေးတွေဝတ်လို့ရအောင် ချစ်စရာကောင်းတဲ့ ၊ ရယ်စရာကောင်းတဲ့ ပုံစံမျိုးလေးတွေကို ထုတ်သွားမှာလဲ ဖြစ်ပါတယ်။ My Boo က ပစ္စည်းလေးတွေကို Limited ပဲထုတ်ဖြစ်ခဲ့ ပြီးနောက်ပိုင်းမှာတော့အရေအတွက်များများထုတ်ပေးဖို့ ကြိုးစားနေပါတယ် လို့ ပြောထားပါတယ်။

 

မိစန္ဒီရဲ့ My Boo အမှတ်တံဆိပ် ထုတ်ကုန်တွေကို ၂၀၁၆ခုနှစ်အောက်တိုဘာ(၅)ရက်နေ့က စတင်ကာ ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး လေးလခန့်သာ ရှိသောလည်း ပရိသတ်နှစ်ခြိုက်သဘောကျမှုကို ရရှိထားတဲ့ ထုတ်ကုန်တစ်ခုလည်း ဖြစ်ပါတယ်။ မိစန္ဒီကတော့ လက်ရှိမှာ ပွင့်လင်းရာသီဖြစ်တာကြောင့် ဖျော်ဖြေပွဲတွေ ဆက်တိုက်ဖျော်ဖြေနေရပြီး သူမရဲ့ တတိယတစ်ကိုယ်တော်အခွေကိုလည်း မကြာခင် ထွက်နိုင်အောင် စီစဉ်နေတယ်လို့ သိရပါတယ်။

Credit:7day



Follow us on