1. Home
  2. Myanmar News

ကြားဖြတ်ရေးကောက်ပွဲကာလအတွင်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလျှင် ရဲ(၄ ဦး) လုံခြုံရေးပေးမည်

Myanmar News ก.พ. 03, 2560 view 1,433
လာမည့် ဧပြီလ (၁)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လုံခြုံရေးကို အလေးထားဆောင်ရွက်သည့် အနေနှင့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလျှင် ရဲအရာရှိ (၁)ဦးနှင့် အခြားအဆင့် ရဲတပ်ဖွဲ့ဝင် (၃)ဦးတို့ အနီးကပ်လုံခြုံရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရု့းမှ သတင်းရရှိသည်။
 
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လာမည့် ကြားဖြတ်ရွေးကောက်ပွဲကာလတွင် မုံရွာမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်သွားမည့် နိုင်ငံရေးပါတီ (၅) ပါတီရှိပြီး မဲရုံ(၁၅၉)ရုံ လုံခြုံရေးအတွက် ရဲအရာရှိ(၂၁၄)ယောက်၊ အခြားရာထူးအဆင့် ရဲတပ်ဖွဲ့ဝင်(၆၈၀)ယောက်၊ စုစုပေါင်း လုံခြုံရေးအင်အား(၈၉၄)ယောက်ဖြင့် လုံခြုံရေးကိစ္စများ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
 
ရွေးကောက်ပွဲ အကြိုကာလ ၊ ရွေးကောက်ပွဲကာလ နှင့် ရွေးကောက်ပွဲပြီးကာလ ဟူ၍ အပိုင်းသုံးပိုင်း ခွဲခြားကာ လုံခြုံရေးကိစ္စအဝဝကို ဆောင်ရွက်သွားရန် ကြိုတင်ပြင်ဆင်လျှက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်းမှ ပြောကြားခဲ့ခြင်းဖြစ်သည်။
 
Source:ကိုတိုးကြီး(မုံရွာ)
 


Follow us on