1. Home
  2. Special or Others

အိမ်သာအိုးအတွင်း မြွေတွေ့ခဲ့ပြီးနောက် ရှာဖွေခဲ့ရာ အိမ်ထဲတွင် မြွေပွေးသိုက်ဖြစ်နေ

Special or Others ก.พ. 04, 2560 view 2,022
တက္ကဆက်ပြည်နယ်မှ ခေစီမက်ဖက်တန် ဆိုသူ လူငယ်တစ်ဦးသည် အိမ်သာကြွေအိုးအတွင်းမှ တက်လာသော မြွေးပွေးတစ်ကောင်ကို ထိတ်လန့်တကြား တွေ့မြင်ခဲ့ပြီးနောက် တူရွင်းငန်းပြားနှင့်ရိုက်သတ်ခဲ့ပြီးနောက် မိခင်ဆီသို့ ကြောက်လန့်တကြားနှင့် အပြေးပြောခဲ့သည်။
 
 
မိခင်ဖြစ်သူက မြွေရှင်းလင်းရေးအဖွဲ့ထံသို့ အကြောင်းကြားခဲ့ပြီးနောက် မြွေအသေကို စစ်ဆေးခဲ့ပြီး အိမ်ကိုပါ ဆက်လက်စစ်ဆေးခွင့် တောင်းခဲ့သည်။ ကျွမ်းကျင်သူတို့၏ ထုံးစံအတိုင်း မသင်္ကာသဖြင့် ဆက်လက်ရှာဖွေရာ ရောပြွမ်းလိမ်ယှက်နေသော မြွေ ၁၃ ကောင်ကို အထွေးလိုက် တွေ့ရှိခဲ့ရသည်။
ဆက်လက်၍ စေ့စေ့စပ်စပ်ရှာဖွေရာ နောက်ထပ် ၁၀ ကောင်ထပ်မံတွေ့ရှိရပြီး ၅ ကောင်မှာ မြွေပွေးသားပေါက်လေးများအဖြစ် တွေ့ရှိခဲ့ရသည်။ တစ်နေ့ထဲတွင် မြွေပွေး ၂၄ ကောင်ရှိသည့် မြွေသိုက်အား ရှင်းလင်းပေးခဲ့ရသည်။
 


Follow us on