1. Home
  2. Special or Others

ကျောင်းသားတွေကို အလန်းစားနှုတ်ဆက်ပုံအမျိုးမျိုးနဲ့ နှုတ်ဆက်တတ်တဲ့ဆရာ

Special or Others ก.พ. 05, 2560 view 1,559
အမေရိကန်နိုင်ငံက မူလတန်းကျောင်း တစ်ကျောင်းမှာ ကလေးတွေကို စာသင်ပေးနေတဲ့ ဆရာတစ်ဦးကတော့ စာသင်ခန်းထဲမဝင်မီမှာ ကလေးတွေ တစ်ယောက်ချင်းစီကို မတူညီနဲ့ နှုတ်ဆက်ပုံနဲ့ စိတ်ပါလက်ပါနှုတ်ဆက်တတ်သူမို့ ကမ္ဘာပေါ်မှာ အလန်းဆုံး ဆရာတစ်ဦးလို့တောင် ပြောရပါလိမ့်မယ်။
 
မြောက်ကယ်ရိုလိုင်းနာပြည်နယ်၊ ချားလော က ငါးတန်း အင်္ဂလိပ်စာဆရာ ဘယ်ရီဝှိုက်ဆိုသူဟာ သူ့တစ်ပည့်တစ်ယောက်ချင်းစီရဲ့ ပုံစံနဲ့လိုက်ဖက်မယ့် လက်ဆွဲနှုတ်ဆက်နည်း မျိုးစုံနဲ့ နှုတ်ဆက်တတ်သူဖြစ်ပါတယ်။ 
 
ဝှိုတ်က ဘတ်စကတ်ဘောကစားသမား လီဘရွန်ဂျိမ်းစ်က သူ့ရဲ့ ကစားဖော်တွေကို လက်ဆွဲနှုတ်ဆက်တဲ့ ပုံစံကို အတုယူအားကျပြီး အခုလို လုပ်ခဲ့တာလို့ဆိုပါတယ်။ မနှစ်က လေးတန်းမှာ စာသင်ပြခဲ့စဉ်က၊ တစ်နေ့မှာ  ကျောင်းသားတစ်ဦးကို အမှတ်မထင် ရိုရိုးလေးပဲ လက်ဆွဲနှုတ်ဆက်ခဲ့ရာက အဲဒီကျောင်းသားဟာ နောက်နေ့တွေမှာလည်း သူလက်ဆွဲနှုတ်ဆက်မှာကို စောင့်နေ့ကြောင်း သိရှိခဲ့ရပြီး အခုလို အလေ့အထကို ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
 
ကလေးတွေဟာ သူတို့ဆရာရဲ့ ဂရုစိုက်မှဒကို ခံယူရတဲ့အခါ ဆရာနဲ့တပည့်ကြားက ဆက်ဆံရေးက ပိုမိုကောင်းမွန်လာစေတယ်လို့ ဆိုပါတယ်။ အခုဆိုရင် အခြားအတန်းတွေမှာလည်း အခုလို တစ်ဦးနဲ့တစ်ဦး နှုတ်ဆက်တဲ့ အလေ့အထကို စတင်ဖို့ ကြိုးစားနေကြောင်း ပြောဆိုခဲ့ပါတယ်။
 


Follow us on