1. Home
  2. Myanmar News

ကားအရောင်းပြခန်းရှိ ၂၀၁၃၊ ၂၀၁၄ မော်ဒယ်များ စလစ်ကပ်ပြီးမှသာ ရောင်းချရမည်

Myanmar News ก.พ. 06, 2560 view 1,471
မော်တော်ယာဉ် အရောင်းပြခန်းများရှိ ၂၀၁၃၊ ၂၀၁၄ ခုနှစ် မော်ဒယ်လ်ယာဉ်များကို စလစ်ကပ်ပြီးမှသာ ရောင်းချခွင့်ပြုမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရပြီး၊ ထိုအတွက်ကြောင့် စလစ်အတွက် ကျပ်သိန်း ၁၀ဝ ခန့် ထပ်မံကုန်ကျမည်ဖြစ်ရာ ဝယ်ယူလိုသူ နည်းပါးလာနိုင်သဖြင့် မော်တော်ယာဉ် အရောင်းပြခန်းများ အနေနှင့် ထိုမော်ဒယ်လ်ကားများကို ရောင်းချရန် ခက်ခဲလာမည် ဖြစ်ကြောင်း ကားဝယ်ရောင်းများက သုံးကသပ်ခဲ့ကြသည်။
 
အဆိုပါ မော်တော်ယာဉ်များသည် ၂၀၁၃၊ ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်များ အတွင်းက နောက်ဆုံးပေါ် မော်တော်ယာဉ် (Brand New) များအဖြစ် စလစ်ကပ်ရန် မလိုဘဲ တင်သွင်းခဲ့သော်လည်း ယခုနှစ် မော်တော်ယာဉ် မူဝါဒအရ ၂၀၁၁ မှ ၂၀၁၄ မော်ဒယ်လ်အထိ မော်တော်ယာဉ်များ အားလုံးကို စလစ်ကပ်ရမည် ဖြစ်ခြင်းကြောင့် ထိုမော်တော်ယာဉ်များကိုလည်း စလစ်ကပ်၍ ရောင်းချစေခြင်း ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။
 
မူအသစ်အရ စလစ်ကပ်ကို ကပ်ရပါမယ်။ မကပ်နိုင်ရင် ရောင်းလို့မရပါဘူး” ဟု စီးပွား/ကူးသန်း လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောဆိုသည်။
 
သို့သော် ထိုမော်ဒယ်လ်နှစ် မော်တော်ယာဉ်များမှာ အရောင်းပြခန်းများတွင် မရှိသလောက် နည်းပါးနေပြီ ဖြစ်ကြောင်း အရောင်းပြခန်း လုပ်ငန်းရှင်များထံမှ သိရသည်။မော်တော်ယာဉ် အရောင်းပြခန်းများကို ရောက်ရှိနှစ်နှင့် တစ်နှစ်လျော့ မော်တော်ယာဉ်များ (Brand New) တင်သွင်းရောင်းချခွင့်ကို ၂၀၁၂ ခုနှစ် အတွင်းက စတင်ခွင့်ပြုခဲ့ပြီး ယခုအခါ အရောင်းပြခန်း ၁၅ ခုခန့် ရှိသည်။
 
Credit:TheVoice


Follow us on