1. Home
  2. Special or Others

ယောက္ခမဆီကို ဒရုန်းနဲ့ ကြက်အရှင်တစ်ကောင် အန်ပေါင်းပို့ပေးခဲ့တဲ့ သားမက်

Special or Others ก.พ. 06, 2560 view 1,555
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့က  တရုပ်နိုင်ငံ ဂွမ်ကျိုးရှိတဲ့ အမျိုးသားတစ်ဦးက သူ့ရဲ့ ယောက္ခမကို တရုပ်နှစ်သစ်ကူးလက်ဆောင်အဖြစ် အံ့အားသင့်သွားအောင် မောင်းသူမဲ့(ဒရုန်း)ယာဉ်မှာ ကြက်အရှင်တစ်ကောင်ချိပ်ဆွဲပြီး ပို့လွှတ်ခဲ့ပါတယ်။
 
ဒရုန်းမှာ တန်းလန်းပါသွားတဲ့ ကြက်ကတော့ ကြောက်လွန်းလို့ လှုပ်တောင် မလှုပ်နိုင်ရှာပါဘူး။ နောက်ဆုံးမှာတော့ ယောက္ခမအိမ်ကို ဒရုန်းက တန်းတန်းမတ်မတ် ဆိုက်ရောက်ခဲ့ပါတယ်။ ကြက်အရှင်တစ်ကောင်ပါတဲ့ ဒရုန်းသွားရာလမ်းတစ်လျှောက်မှာ လူတွေက အထူးအဆန်းအနေနဲ့ ဝိုင်းကြည့်ပြီး သူ့ရဲ့ ပေါက်ကရစိတ်ကူးကို သဘောကျနေခဲ့ကြပါတယ်။
 


Follow us on