1. Home
  2. Special or Others

နောက်ဆုံးတော့ ဂျက်ကီချန်း မျက်ရည်ဖြိုင်ဖြိုင်ကျရပြီ

Special or Others ก.พ. 06, 2560 view 1,961
လူတိုင်းက ချစ်ခင်ပြီး ကမ္ဘာကျော်လူသိများတဲ့ ဂျက်ကီချန်းဟာ သူ့ဘဝတစ်လျှောက်လုံး ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေမှာ သဲထိတ်ရင်ဖို စွန့်စားခန့်တွေကို ဟာသနှောပြီး ပရိသတ်ကို ပျော်ရွှင်ချမ်းမြေ့အောင် တင်ဆက်ခဲ့တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။
 
အမြဲတစေ ပြုံးနေတတ်သူဖြစ်လို့ သူမျက်ရည်ကျတယ်၊ ငိုတယ်ဆိုတာကို မတွေ့ဖူး(မမြင်ဖူး)သလောက်ပါပဲ။ ဒါပေမယ့် ဒီတစ်ခါတော့ ဂျက်ကီချန်းတစ်ယောက် မျက်ရည်ကျခဲ့ရပါပြီ။ ရုပ်ရှင်ဇာတ်ဝင်ခန်းမှာ သရုပ်ဆောင်တာ မဟုတ်ပဲ ရင်ထဲက ဝမ်းသာကည်နူးလွန်းလို့ ကျတဲ့ မျက်ရည်သာဖြစ်ပါတယ်။
 အသက် ၆၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျက်ကီချန်းဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဂုဏ်ထူးဆောင် အော်စကာဆု ချီးမြင့်ခံခဲ့ရပါတယ်။ အဲဒီပွဲမှာ ဒီဆုနဲ့ပက်သက်ပြီး-
“ရုပ်ရှင်လောကမှာ ၅၆ နှစ်သက်တမ်းရှိပြီး ဇာတ်ကားပေါင်း ၂၀၀ ကျော်ရိုက်ကူးခဲ့တယ်၊ အရိုးတွေလည်း ကျိုးခဲ့တယ်၊ နောက်ဆုံးတော့ ရပြီပေါ့ကွာ” ဟုပြောကြားခဲ့ပြီး လက်တွဲမဖြုတ်တမ်း ပါဝင်လှုပ်ရှားခဲ့ကြတဲ့ သူ့ရဲ့ စတန့်အဖွဲ့ကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ 
 
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ “The Negotiator” ဆိုတဲ့ ရုပ်သံအစီအစဉ်မှာတော့ သူ့ရဲ့ စတန့်အဖွဲ့သားတွေက ဂျက်ကီချန်းကို အံ့အားသင်းသွားအောင် ပြုလုပ်ခဲ့ကြပါတယ်။ 
 
၁၉၇၀ လောက်ထဲက စတင်ရိုက်ကူးခဲ့တဲ့ သူရဲ့ စတန့်စွန့်စားခန်းတွေကို စုစည်းပြီး လုပ်ဖော်ကိုင်ဖက်တွေရဲ့ မေးမြန်းခန်းနဲ့ တွဲကာ သူမသိအောင် စီစဉ်ခဲ့ကြပါတယ်။ ရုပ်သံအစီစဉ် စင်မြင့်ရောက်မှ ရုတ်တရက် ကြည့်လိုက်ရတဲ့ ဂျက်ကီချမ်းဟာ မျက်ရည်မဆည်နိုင်ဖြစ်ခဲံရပါတယ်။
 
ဂျက်ကီချန်းဟာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အမြဲချီးမြောက်ကူညီတတ်သူလည်း ဖြစ်ပါတယ်။ ကားဝယ်ပေးတာ၊ အိမ်ဝယ်ဖို့ ပိုက်ဆံထုတ်ပေးတာ စသဖြင့်တို့ကို ကူညီစောင့်ရှောက်ခဲ့သူဖြစ်လို့ လုပ်ဖော်ကိုင်ဖက်တွေက အသက်ရာကျော်ရှည်ပါစေလို့ ဆုတောင်းပေးခဲ့ကြပါတယ်။
 
အခုဆိုရင် ဂျက်ကီချန်းစတန့်အဖွဲ့မှာ မျိုးဆက်သစ် လူငယ်တွေပါရှိနေပြီး စတန့်အဖွဲ့ကို ၁၉၇၆ ခုနှစ်လောက်ထဲက စတင်ခဲ့ပြီး သူ့ရဲ့ အောင်မြင်တဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ “Project A” ၁၉၈၃ ခုနှစ်ကစလို့ တရားဝင်အဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ 
 

 


Follow us on