1. Home
  2. Myanmar News

YBS ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို အရေးယူခဲ့မှုပေါင်း ၅၀ ကျော်ရှိနေ

Myanmar News ก.พ. 07, 2560 view 1,458
ရန်ကုန်တိုင်းဒေသကြီးအတွင်း YBS စနစ်စတင်ခဲ့ပြီးနောက် စည်းကမ်းဥပဒေ ချိုးဖေါက်ခဲ့သည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို လိုင်စင်သိမ်းဆည်းခြင်း၊ ယာဉ်လိုင်းမှ ထုတ်ပယ်ခြင်း တို့ဖြင့် အရေးယူခဲ့ရသော အမှုပေါင်း လက်ရှိအချိန်ထိ (၅၀)ကျော် ရှိနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှ သတင်းရရှိသည်။
 
အရေးယူခံထားခဲ့ရသူများကို နာမည်ပျက်စာရင်း(Blacklist) သွင်းထားကာ မည်သည့်ယာဉ်လိုင်းကိုမျှ ပြန်လည် အဝင်မခံတော့ကြောင်း YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားခဲ့သည်။
 
တိုင်ကြားထားသည့်အမှုများကိုလည်း YRTA က မှတ်တမ်းတင်သိမ်းဆည်းကာ ကားပြိုင်မောင်းခြင်း၊ ယာဉ်နောက်လိုက်များ ရိုင်းစိုင်းစွာ ပြောဆိုဆက်ဆံမှု၊ ယာဉ်အရှိန်တင်ကာ အမြန်မောင်းနှင်မှုများကို စစ်ဆေးကာ ချက်ခြင်းအရေးယူရမည့် ကိစ္စဖြစ်ပါက ရဲတပ်ဖွဲ့နှင့်ပူးပေါင်းကာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း သိရှိရသည်။
 
“အချိန်မီကားထွက်ပေမယ့် မီးပွိုင့်ထိန်းချုပ်မှုစနစ် အားနည်းတာကြောင့် မှတ်တိုင်မှာ ကားနှစ်စီး သုံးစီး ဆုံသွားပြီး ခရီးသည်အလုအယက် တင်တာတွေ၊ ပြိုင်မောင်းတာတွေ ဖြစ်ကုန်ရော” ဟု YBS ယာဉ်မောင်းတစ်ဦးက ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ပြောပြပါတယ်။
 
YBS စနစ်တွင် လက်ရှိမှာ ပြေးဆွဲနေသည့် မော်တော်ယာဉ်လိုင်းပေါင်း (၇၉)လိုင်းနှင့် ယာဉ်အစီးရေ ၃,၀၀၀ ခန့်ရှိနေကြောင်း သတင်းရရှိသည်။
 
Source:မြစ်မခမီဒီယာ 
 


Follow us on