ဖေဖော်ဝါရီလ (၄)ရက်နေ့က YBS ယာဉ်လိုင်းအမှတ် (၃၆) ပေါ်တွင် ကျကျန်ခဲ့သော ခါးပတ်အိတ်တစ်လုံးကို ယာဉ်မောင်း ဦးနေလင်းထွန်းမှ တွေ့ရှိကောက်ရခဲ့ပြီးနောက် တာဝန်သိတတ် ရီုးသားစွာဖြင့် ကျောက်တံတား ရဲစခန်းသို့ လာရောက်အပ်နှံခဲ့ကြောင်း သိရှိရသည်။
အဆိုပါခါးပတ်အိတ်အတွင်း အင်္ဂလန်နိုင်ငံသား နိုင်ငံကူးလက်မှတ်စာအုပ်(ပတ်စပို့) နှင့် မြန်မာငွေကျပ် ၂,၄၅၀,၀၀၀ တန်ဖိုးခန့်ရှိသော နိုင်ငံခြားငွေစက္ကူများ ပါရှိခဲ့ပြီး၊ ကျောက်တံတားရဲစလန်းမှ ပိုင်ရှင်ဖြစ်သူ အင်္ဂလန်နိုင်ငံသူအား စုံစမ်းရှာဖွေခဲ့ပြီးနောက် ဖေဖော်ဝါရီ ၅ ရက် မွန်းလွဲ ၂ နာရီအချိန်တွင် ပိုင်ရှင်ထံသို့ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ရိုးသားသောတာဝန်သိ ပြည်သူတစ်ဦးဖြစ်သည့် YBS အမှတ် (၃၆) ယာဉ်လိုင်းမှ ဦးနေလင်းထွန်းအား ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။