
ရန်ကုန်တိုင်းဒေသကြီး မြို့နယ်ငါးမြို့မှာဝက်သက် ရောဂါ ပြန့်နှံဖြစ်ပွားနူန်းများနေတာကြောင့်ဒီကနေ့စပြီး ဖေဖော်ဝါရီလ ၂၀ရက်နေ့အထိရန်ကုန်မြို့ရှိ ကလေး လေးသိန်းနှစ်သောင်း ကို ၀က်သက်ကာကွယ် ဆေးထိုးပေး သွားမယ်လို့ ပြည်သူကျန်းမာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာ သန်းထွန်းအောင်က ပြောပါတယ်။ လက်ရှိအချိန်မှာရန်ကုန်မြို့ လိုင်သာယာမြို့နယ်၊တွံတေးမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ သာကေတမြို့နယ်နဲ့အင်းစိန်မြို့နယ်တွေ ၀က်သက်ဖြစ်ပွားမှုနူန်းအများဆုံးဖြစ်နေပြီး လိုင်သာယာမြို့နယ်မှာတော့အများဆုံးဖြစ်တယ်လို့သိရပါတယ်။
“ ၂၀၁၆ခုနှစ်အောက်တိုဘာလကနေ ဖေဖော်ဝါရီလအထိ လှိုင်သာယာမြို့နယ်မှာ အတည်ပြုလူနာပေါင်း ၆၇ယောက်ရှိတယ်။အသက် ၈လကနေ ၄၀၊၅၀အထိဖြစ်တယ်။ ကလေးတွေဆိုရင် ၉လနဲ့ ၁နှစ်ခွဲ ဆေးနှစ်ခါမထိုးရသေးရင် ဖြစ်နိုင်ခြေများတယ်။”လို့ ဒေါက်တာသန်းထွန်းအောင်က ပြောပါတယ်။
ဝက်သက်ကာကွယ်ဆေးဟာ အသက် ၉လကနေ အသက် ၁၅နှစ်ထိုးဖို့ အကျုံးဝင်တယ်လို့သိရပါတယ်။ ၀က်သက်ကာကွယ်ဈေးဆိုတာ လူ တစ်ရာမှာ နှစ်ဆယ်ရာခိုင်နှုန်းမထိုးရသေးရင် မထိုးတဲ့ လူကနေတစ်ဆင့် အဆင့်ဆင့် ကူးနိုင်တယ်။ဝက်သက် ရောဂါဆိုတာ အလွန်ကူးစက်မြန်တဲ့ ဗိုင်းရပ်ရောဂါတစ်မျိုးဖြစ်တယ်လို့ သိရပါတယ်။ ၀က်သက်ရောဂါရဲ့ ကနဦးလက္ခဏာတွေက နှာချေ၊ချောင်းဆိုး၊နှာမွှန်ပြီး အနီစက်တွေ ထွက်လာမှာ ဖြစ်ပါတယ် ။
အာဟာရ ချို့တဲ့ တဲ့ ကလေးတွေ ကတော့ နောက်ဆက်တွဲရောဂါအနေနဲ့ အမိုးနီးယား၊၀မ်းပျက်ဝမ်းလျှောရောဂါ၊ဦးနှောက်အမှေးပါး ရောင်တာတွေ ဆက်ဖြစ်ပွားနိုင်တယ်လို့ ဒေါက်တာသန်းထွန်းအောင်က ဆက်ပြောပါတယ်။ လက်ရှိအချိန်မှာတော့ဝက်သက်ရောဂါနဲ့ဆက်စပ်နောက်ဆက်တွဲရောဂါကြောင့် သေဆုံးသူ ကလေးငယ်နဲ့ပတ်သတ်လို့တော့ အတည်မပြုနိုင်သေးဘူးလို့သိရပါတယ်။ ပြည်သူကျန်းမာရေးဦးစီးဌာနအနေနဲ့ ဖြစ်ပွားနူန်းများနေတဲ့မြို့နယ်ငါးခုကိုမြို့နယ် ကလေးငယ်စာရင်းကိုကောက်ယူကာကာကွယ်ဆေးထိုးပေးသွားမယ်လို့သိရပါတယ်။
Credit “kumudranews”
comment