1. Home
  2. Special or Others

Single တွေ Valentines Day ကို ပျော်ရွှင်စွာဘယ်လို ဖြတ်ကျော်မလဲ

Special or Others ก.พ. 07, 2560 view 1,759

Valentine’s Day ကို Single ဘ၀နဲ့ကုန်ဆုံးကြရမယ့် သူများအတွက် အဲ့နေ့ မှာ သူများအတွဲတွေကိုပဲ တစ်ကိုယ်တည်း လိုက်ငေးမနေပဲ အတွဲရှိသူတွေနည်း တူ V-day ကို ပျော်ရွှင်စွာဖြတ်သန်းနိုင်မယ့် နည်းလမ်းတစ်ချို့ကို ပြောပြလိုက်ပါတယ် ။

(၁)သူငယ်ချင်းဘော်ဒါတွေနဲ့စုရုံးပျော်လိုက်ပါ ကိုယ့်လိုပဲ ဘ၀တူ Single သူငယ်ချင်းဘော်ဒါတွေနဲ့ ချိန်းပြီး ပျော်လိုက်ပါ။သူ ငယ်ချင်းတွေနဲ့ဝိုင်းဖွဲ့စားသောက်လို့ရတဲ့ ဘီယာဆိုင်၊ဘားအစရှိတဲ့ တစ်နေ ရာရာမှာ စုရုံးပြီး ကောင်းကောင်းကြီး ပျော်ပစ်လိုက်ပါ။

(၂) Valentine’s လက်ဆောင်ကိုမဲနှိုက်ဝယ်ပါ ဘယ်သူ့ဆီကမှ လက်ဆောင်လည်းပေးစရာမလိုသလို ရစရာလည်းမရှိတဲ့ Single ဘော်ဒါအချင်းချင်းစုပြီး တစ်ယောက်ဘယ်လောက်ဆိုပြီး သတ်မှတ် ကာ ပိုက်ဆံကောက်ပါ။ပြီးရင်တော့ မိမိတို့နာမည်ကို ချရေးပြီး မဲနှိုက် ကာ ပေါ က်တဲ့ သူကို V-day လက်ဆောင်ဝယ်ပေးတာမျိုးလုပ်ပါ။

(၃)ဆယ်လီ crush အတွက် အချိန်ပေးလိုက်ပါ ကိုယ်အရမ်းသဘောကျနှစ်ခြိုက်ရတဲ့ ဆယ်လီရဲ့ရုပ်ရှင်ဇာတ်ကားတွေကို စုပြီး အဲ့နေ့မှာ ကြည့်ပစ်လိုက်ပါ။

(၄)ကိုယ့်ကိုယ်ကို ကောင်းကောင်းပြုစုပစ်လိုက်ပါ ဆိုင်ကောင်းကောင်းမှာ သွားစားတာမျိုး၊Spa သွားတာမျိုး၊အကျီင်္ကောင်းကောင်း ၀ယ်ပစ်လိုက်တာမျိုး လုပ်လိုက်ပါ။ကိုယ်ရှာတဲ့ပိုက်ဆံဟာ ကိုယ့်အတွက် သာ ဖြစ်ပြီးဘယ်သူ့ကိုမှ ခွဲဝေစရာ ဘယ်သူ့အတွက်မှ ကုန်စရာမလိုတဲ့ အတွက် ကိုယ့်ကိုယ်ကိုဂုဏ်ယူလိုက်ပါ။

(၅)မိသားစုနဲ့ပျော်ပစ်လိုက်ပါ ဘော်ဒါတွေထဲမှာလည်း ကိုယ့်လို Single ကရှားနေရင်တော့ တခြားနည်းလမ်း ကို ပြောင်းလိုက်ပါ။ကိုယ့်ရဲ့တူ၊တူမတွေ၊နောက်ဆုံး ကိုယ်အိမ်နားက အိမ်နီးချင်း ကလေးတွေနဲ့ ကစားပါ။အဲ့နေ့မှာ တူ၊တူမတွေအတွက် အချိန်ပိုင်းကလေးထိန်း လုပ်လိုက်ပါ။ကစားကွင်းကို သွားပြီး မုန့်ဝယ်စားတာ ကစားတာတွေ လုပ်ပစ်လိုက်ပါ။

(၆)gym မှာအချိန်ကုန်ဆုံးလိုက်ပါ gym ကစားတဲ့သူဆိုရင်တော့ အဲ့နေ့မှာ အထူးSpecial အနေနဲ့ Gym ကစား ရင်းအချိန်ကုန်ပစ်လိုက်ပါ။gym ကစားတဲ့သူမဟုတ်ဘူးဆိုရင်လည်း ပန်းခြံ ထဲမှာ ပြေးတာ၊လမ်းလျှောက်တာတွေ လုပ်လိုက်ပါ။

Credit:shwemom



Follow us on